Prologue

78 6 0
                                    

-I'm trying to be brutal but I miss you a little louder

အေးတစ်ယောင်ယောင်ရှိတဲ့ဒီရာသီဥတုနဲ့အတူ တောင်ကိုရီးယားနိုင်ငံရဲ့ဆိုးမြို့လေးက မနက်စောစောစီးစီးလမ်းမထပ်ပေါ်တွင်လူတွေစီကားကာ သွားလာလှုပ်ရှားနေကြသည်။

ဒီလိုမနက်စောစောစီးစီးလမ်းမထပ်တွင်လူတွေစီကားနေခြင်းက သာမန်ဘဝတစ်ခုပါပဲ။ လူတွေ၊ ဒါဟာလူဆိုတဲ့အမျိုးရဲ့သဘာဝဖြစ်ရိုးဖြစ်စဉ်။ လူသားဆိုတဲ့အတိုင်း လူသားမျိုးနွယ်တွေက ဒီလိုဘဝကိုရူန်းကန်လှုပ်ရှားကြရတယ်။ မတူညီတစ်ယောင်ထင်ရတဲ့လူသားတွေက တကယ်တမ်း အတူတူပင်။ ယောကျာ်း၊မိန်းမ၊ အသက်ကြီးကြီး ငယ်ငယ်၊ ချမ်းချမ်းသာသာ၊ဆင်းရဲရဲ ဒါဟာလူသားတွေရဲ့မတူညီတဲ့ဘဝအနိမ့်အမြင့်တွေနဲ့ တူသယောင်ယောင်ရှိတဲ့ မျိုးနွယ်တွေ။

လမ်းပေါ်မှာသွားလာနေတဲ့လူတွေကိုကြည့်ရင်းဂျယ်မင်းသုံးသပ်မိသည်။ အင်းဟုတ်တာပေါ့ဂျယ်မင်းအမြဲတွေးနေမိတဲ့စိတ်ကူးရှိတယ်။ လူတွေကိုမြင်တိုင်းလူတွေရဲ့ဘဝတွေကိုပုံဖော်တတ်တာဂျယ်မင်းရဲ့ဝါသာနာတစ်ခုလိုပင်။ ဒီလိုပဲအသက်၂၄နှစ်အရွယ်နာဂျယ်မင်းအတွက် လူတွေဟာရယ်စရာတစ်ခုလို။ လူတွေကအသက်ကြီးလာတာနဲ့အမျှတစ်ချိန်ကအကြောင်းတွေကိုရယ်စရာဟာသပုံပြင်တစ်ပုဒ်လိုပြန်ပြောကြတယ်။ အဲ့ဒီလိုပဲဂျယ်မင်းကလည်းသုံးသပ်ထားတယ် တကယ်လည်း ဂျယ်မင်းအသက်၁၆နှစ်လောက်တည်းကလူတွေကိုရယ်စရာလို့သတ်မှတ်ထားတာမို့။

အေးမြနေတဲ့ဆောင်းဦးရာသီထဲ ဒီလူခြောက်သွေ့နေတဲ့ရပ်ကွက်ကလေးထဲပတ်လျှောက်နေရင်း ရင်းနှီးနေတဲ့ဆိုင်းပုတ်ကလေးကိုမြင်တော့ ခြေလှမ်းတွေကသူ့အလိုလိုရပ်တန့်လို့နေပြီ။ ပဲခေါက်ဆွဲဆိုင်။ ဟုတ်တာပေါ့ ဒီဆိုင်လေးကိုဂျယ်မင်းမလာဖြစ်တာ၃နှစ်ရှိပြီ။

မထူးတော့တဲ့အတူ ဂျယ်မင်းဆိုင်ထဲဝင်ဖို့လုပ်လိုက်တယ်။ ဆိုင်ထဲမှာလူမရှိပါ ဖောက်သည်ဆိုလို့ဂျယ်မင်းတစ်ယောက်တည်းသာ။ ဘယ်ရှိမလဲ ဆိုင်ကအခုမှစဖွင့်တာ အချိန်ကမနက်၇:၁၅ ပဲရှိသေးတာကို။

ဆိုင်ထဲရဲ့ထောင့်ကျတဲ့နေရာတစ်နေရာကိုရွေးကာ ဝင်ထိုင်လိုက်သည်။ လူမရှိပေမဲ့လည်း ဒီလိုလူမမြင်တဲ့နေရာကိုဂျယ်မင်းသဘောကျတယ်လေ။ လူမှုရေးကိစ္စတွေမှာညံ့တဲ့ဂျယ်မင်းအတွက်တော့လူတွေဆီကအာရုံစိုက်ခံရမှုကြီးက ဂျယ်မင်းမဖြေရှင်းနိုင်တဲ့ပုစ္စာလိုများပြားလွန်းတယ်။ ဒါကြောင့်ဒီတိုင်းလူမမြင်သူမမြင်နေရာကိုရွေးထိုင်ခြင်းဖြစ်သည်။

Brutal [Nomin]Where stories live. Discover now