Chapter II

59 9 0
                                    

-souls don't meet by accident


မရင်းနှီးတဲ့ မနက်ဖြန်ကိုကျော်ဖြတ်ဖို့ ဂျယ်မင်းအလိုက်ဖတ်ဆုံးမျက်နှာဖုံးတစ်ခုကိုရွေးချယ်လိုက်သည်။ ဟိုတယ်ကနေထွက်ကာ နောက်ထပ်တစ်နေ့ကိုရင်ဆိုင်ဖို့ဂျယ်မင်းပြင်ဆင်လိုက်သည်။

အထီးကျန်ဆန်တဲ့ လေညင်းတွေတိုက်ခတ်နေတာထင်ပါတယ်။ ဂျယ်မင်းရဲ့နှာခေါင်းထိပ်ဖျားလေးကအေးစက်နေတာလေ နွေရာသီမှာတောင်။ မနက်စောစောထတာကလည်းအကျင့်လိုဖြစ်လို့။ မအိပ်နိုင်တော့ပါ။ ကောင်းကောင်းမအိပ်ခဲ့ရတဲ့နေ့ရက်တွေကြောင့် မိုးလင်းပြီဆိုတာနဲ့မျက်လုံးကပွင့်လာခဲ့သည်။

မနက်စောစောစီးစီးလမ်းမပေါ်တွင် အဘိုးအိုနဲ့အဘွားအိုနှစ်ယောက်ပန်းခြံထဲတွင် အပြန်အလှန်ဒန်းစီးလို့ ရယ်မောနေသည်က ဂျယ်မင်းရဲ့မျက်စီထဲဝင်လာသည်။ အရွယ်ရောက်ပြီးတဲ့သူတစ်ယောက်လို ရယ်မောပြီး ကလေးတစ်ယောက်လိုငိုမိရင်တောင် လူတွေကတူညီတဲ့အတွက် အတူတူပါပဲ။ တခါခါကြရင်လူတွေက အရွယ်ရောက်ပြီးသားကလေးတွေသာဖြစ်ကြသည်။

ဖုံးကွယ်ထားတဲ့ မျက်နှာနဲ့အတူ မနက်ဖြန်မှာလည်း အရွယ်ရောက်တဲ့ ခန္ဓာကိုယ်ထဲမှာ ကလေးတစ်ယောက်လို ရှိနေကြတယ်။ ဟုတ်တယ် တကယ်တော့ဂျယ်မင်းတို့လူတွေအကုန်လုံးရဲ့နှလုံးသားထဲမှာကလေးငယ်တွေရှိကြတယ်။ တစ်ချိန်ကလည်းဂျယ်မင်းတို့ကကလေးတွေဖြစ်ခဲ့ကြတာပဲမဟုတ်လား။

အနက်ရောင်ဖုံးလွှမ်းနေတဲ့ ဒီကမ္ဘာကြီးပေါ်မှာ အဖြူရောင်နှလုံးသားလေးနဲ့ အုပ်စိုးလိုက်ရင် အရာအားလုံးငြိမ်ချမ်းသွားမယ်လို့ ဂျယ်မင်းယုံကြည်ပေမဲ့ တကယ့်လက်တွေ့မှာ လူတွေကအတ္တတွေနဲ့  သူတို့နှလုံးသားကိုဆေးဆိုးထားကြတာတော့ခက်တာပဲ။

မနက်စာစားဖို့ ဆိုင်ကိုလိုက်ရှာရာကနေ လမ်းရဲ့အကွေ့တစ်နေရာရဲ့ထောင့်တွင် ကောင်လေးတစ်သိုက် ခိုးကြောင်ခိုးဝှက် တစ်ခုခုလုပ်နေတာကိုမျက်လုံးကဖြတ်ခနဲ့တွေ့လိုက်သည်။ လမ်းကြားလိုဖြစ်နေတာမို့ လူမမြင်သူမမြင်နေရာတွင်ဘာတွေလုပ်နေလည်းမသိပေမဲ့ ပုံစံတွေကတော့အထက်တန်းကျောင်းသားပုံစံပင်။

Brutal [Nomin]Where stories live. Discover now