Chapter III

55 12 1
                                    

"I didn't ask because I was afraid of the answer."
-storydj


အေးစက်နေတဲ့မနက်ခင်းတစ်ခုမှာ အထီးကျန်ဆန်စေတဲ့လေပြေအေးအေးလေးတွေနှာခေါင်းဖျားထိပ်ကို တိုက်ခတ်လာတာမို့ အေးနေတဲ့လက်တွေကိုအိတ်ကပ်ထဲထည့်ကာနွေးအောင်လုပ်ရသည်။

အဆောက်အဦးတစ်ခုရှေ့တွင်နံရံကိုမှီကာ လမ်းတွင်ဖြတ်သွားဖြတ်လာလူတွေကိုငေးကြည့်ကာ လူတွေရဲ့အသက်တွေကိုအပြင်းပြေရေတွက်နေမိသည်။

အဆောင်အဦးထဲကမျှော်နေသောတစ်ဦးလေး ထွက်လာခဲ့တဲ့အချိန်တွင် ဂျယ်မင်းဝတ်ထားတဲ့အနွေးထည်ကိုသေချာပြင်ကာ ကိုယ်ထင်ပြလိုက်သည်။

"ဟုတ်ကဲ့....ဂရုစိုက်သွားပါ"

ဂျယ်မင်းမျှော်နေသူတစ်ဦးက ဂျယ်မင်းဘက်ကိုလှည့်လာပြီး ဂျယ်မင်းကိုမြင်တော့စိတ်ပျက်သွားသောအမှုအရာဖြင့်ကြိုဆိုသည်။

"အားညှော်~ ကျွန်တော်တို့ထပ်တွေ့ပြန်ပြီနော်"

"မင်းဒီကိုဘာလာလုပ်တာလဲ"

"ကျွန်တော့်အသက်ကိုကယ်ပေးပြီး ဆေးရုံစရိုက်ပါပေးထားတဲ့သူကိုကျေးဇူးတင်ချင်လို့လေ"

"ငါဒီမှာအလုပ်လုပ်တယ်ဆိုတာမင်းဘယ်လိုသိတာလဲ"

"ပိုက်ဆံနဲ့ အခုခေတ်နည်းပညာကိုပေါင်းပြီးသုံးလိုက်တဲ့အခါ သိပ်တော့အခက်ခဲမရှိဘူးထင်တာပဲ ဘာလို့ချမ်းသာတဲ့သူတွေကတစ်ပန်းသာလဲဆိုတာကျွန်တော်လည်းသိသွားတယ်"

ဂျယ်မင်းခပ်ရွဲ့ရွဲ့ပြောလိုက်တော့ အရှေ့ကလူကသက်ပြင်းချသည်။ ထူးထူးဆန်းဆန်း အရှေ့ကလူနဲ့မှ ဂျယ်မင်းလည်းပျော်ပျော်ကြီးအရွဲ့တိုက်ချင်နေတော့သည်။ လူမှုရေးညံ့တဲ့ဂျယ်မင်းက ဒီလူနဲ့တွေ့တော့ဘယ်နားထွက်ပြေးသွားလဲမသိပါ ဂျယ်မင်းတောင်တစ်ခါမှမသိခဲ့တဲ့ဂျယ်မင်းရဲ့စရိုက်ကလိုက်ပြီးစကားပြောချင်နေမိသည်။

"မင်းဘာလိုချင်လို့လဲ"

"ဘာမှမလိုချင်ပါဘူး ကျွန်တော်ကဒီတိုင်းကျေးဇူးတင်ချင်လို့လေ ဟိုကျွန်တော်တို့တစ်ခုခုသွားစားကြမလား ကျွန်တော်ဒါကာခံပါ့မယ် ....အော်ဒီနားမှာကျွန်တော်သိတဲ့ပဲခေါက်ဆွဲဆိုင်တစ်ဆိုင်ရှိတယ် အဲ့ကိုပဲသွားမလား"

Brutal [Nomin]Where stories live. Discover now