Chapter V-Final

67 12 0
                                    

-I broke my rules for you


လူတွေများပြားကာ လူစီးကားနေတဲ့ဒီလေဆိပ်ထဲတွင် ဆံပင်အညိုရောင်သမ်းနေတဲ့သပ်သပ်ရပ်ရပ်ဘေးခွဲထားတဲ့ဆံပင်တွေနဲ့အတူ လက်ပြတ်အကျီအဖြူကို all black ဘောင်ဘီးနှင့်jacket ကိုဝတတ်ဆင်ထားတဲ့ထိုကောင်လေးက လူတွေရဲ့အာရုံကိုဖမ်းစားနိုင်တယ်ဆိုတာမှန်တယ်။ နားကပ်တပ်ကာလွယ်အိတ်အမဲကိုလွယ်ပြီး လူသူများတဲ့လေဆိပ်ကိုအခြေဆိုက်လာတဲ့ကောင်လေးက မသိရင်တော့ဖြတ်သွားဖြတ်လာတွေက နာမည်ကြီးမင်းသားလို့ထင်ကြလိမ့်မယ်။

အိတ်ကပ်ထဲကဖုန်းကိုထုတ်ကာ ရင်းနှီးနေတဲ့ဖုန်းကိုခေါ်လိုက်သည်။

"အစ်ကို..."

["ဘယ်လိုလဲ ရောက်ပြီလား"]

"ဟုတ် ကျွန်တော်အခုမှရောက်တာ"

["အင်း အစ်ကိုလိပ်စာပို့ပေးထားတယ် ကြည့်လိုက်...အဆင်ပြေပါ့မလား"]

"အဆင်ပြေပါတယ်...ကျွန်တော်ဖြေရှင်းလိုက်မှာမို့စိတ်မပူပါနဲ့"

["ဂရုစိုက်အုံး အကူအညီလိုရင်အစ်ကို့ကိုပြောနော်"]

"ဟုတ်....ဒါနဲ့အစ်ကို ဟိုကိစ္စကိုကြိုပြင်ပြီးပြီမလား"

["အင်း မင်းပြောထားတဲ့အတိုင်းပဲလေ"]

"ဟုတ်ကျေးဇူးပါ ဒါဆိုကျွန်တော်ဖုန်းချလိုက်တော့မယ်နော်"

ဖုန်းကိုချလိုက်တာနဲ့အိတ်ကပ်ထဲထည့်လိုက်သည်။ ပတ်ဝန်းကျင်ကိုလှည့်ပတ်မျက်လုံးကစားမိတဲ့အခါ မရင်းနှီးတဲ့နယ်မြေတစ်ခုကိုရောက်နေတာပင်။ လေဆိပ်ကကိုယ်ပိုင်အထုတ်အပိုးတွေနဲ့သွားလာနေကြတဲ့လူတွေကိုကြည့်ရင်း တစ်ချက်ပြုံးမိသည်။ ဒီတစ်ခါတော့မရင်းနှီးတဲ့နယ်မြေမှာ ရင်းနှီးတစ်ယောင်ရှိတဲ့အငွေ့အသက်နဲ့အတူခံစားချက်ကြောင့် စိတ်လိုလက်ရပြုံးမိတယ်ထင်ပါတယ်။

"ဂျီဆောင်းနာ....အစ်ကိုသွားစရာနေရာရှိလို့ မင်းအရင်သွားနှင့်မလား"

ဘေးနားကluggage ကိုကိုင်ထားတဲ့ဂျီဆောင်းဘက်လှည့်ကာပြောလိုက်သည်။

"ရတယ်အစ်ကို ဟိုတယ်ရောက်ရင်ကျွန်တော်ဖုန်းဆက်လိုက်မယ်လေ"

Brutal [Nomin]Where stories live. Discover now