Chapter IV

73 10 0
                                    

"Grow beautiful feelings in your heart's garden"
-Alexandra Vasiliu


အသက်ရှုကြပ်တဲ့ ဒီနေ့တစ်နေ့တာမှာ အတိတ်က ဂျယ်မင်းရဲ့ပုံစံ မှေးမှိန်လာတဲ့နေ့တစ်နေ့အဖြစ်ပြောင်းလဲသွားခဲ့ပြီ။ မရေတွက်နိုင်အောင် ထပ်ပြီးစတင်ဖြစ်တဲ့ နည်းနည်းလောက်မရင်းနှီးတဲ့ မနက်ဖြန်လည်း အဆင်ပြေသွားမယ်လို့ယုံကြည်မိသည်။ လစ်ဟာနေခဲ့တဲ့ ဂျယ်မင်းရဲ့အဖြူရောင်စာရွက်လွတ်ပေါ်ကို ဆန်းသစ်တဲ့ခံစားချက်တစ်ချို့ကဖြည့်စွပ်ပေးသွားခဲ့တယ်။

လေပြေလေအေးတွေတိုက်ခတ်လို့နေတဲ့မနက်ခင်းကဂျယ်မင်းကိုအရင်ကလို အထီးကျန်မှုတွေမသယ်ဆောင်လာပေးတော့ဘူး။ အဲ့အစားနွေးထွေးမှုတွေပျော်ဝင်စေတဲ့နေ့ရက်တစ်ခုကိုပေးတယ်။ စိတ်သစ်လူသစ်ဖြစ်ခဲ့တဲ့ဂျယ်မင်းက လမ်းမပေါ်ကဖြတ်သွားဖြတ်လာလူတွေကို ကြည့်ရင်း ဘဝတွေကိုရေတွက်နေစဲပဲ။

မျက်စီရှေ့ကကော်ဖီဆိုင်ကိုတွေ့တော့ ဂျယ်မင်းတံခါးဖွင့်ကာအပြေးလေးဝင်သွားသည်။ ဆိုင်ထဲက စားပွဲတွေကိုမျက်စီဖြင့်အလျင်အမြန်ကြည့်ကာ လူတစ်ယောက်ကိုရှာနေမိသည်။ ဂျယ်မင်းရှာနေတဲ့လူကိုတွေ့တဲ့အခါ ပြုံးပြကာလက်ပြနှုတ်ဆက်ရင်း ထိုစားပွဲဆီကိုလျှောက်သွားသည်။

"Sorry စောင့်နေတာကြာသွားလား"

"ဟင့်အင်းကျွန်တော်လည်းအစ်ကိုရှေ့တင်ကမှရောက်တာ"

မျက်စီရှေ့ကကောင်လေးက ရယ်ပြသည်။ အရယ်အပြုံးနည်းတဲ့ဂျယ်မင်းတောင် လိုက်ရယ်မိသည်။

"ဒီကြားထဲမင်းအဆင်ပြေရဲ့လား ဟိုကောင်တွေရောအနိုင်ကျင့်သေးရဲ့လား"

"အဆင်ပြေပါတယ် အစ်ကိုကြောင့်သူတို့လည်းတော်တော်လေးပြောင်းလဲသွားကြပြီ"

ဂျယ်မင်းတွေ့ခဲ့ဖူးတဲ့အထက်တန်းကျောင်းသားလေး ဂျီဆောင်းက ရယ်မောကာပြောနေသည်။ မယုံနိုင်က ဂျယ်မင်းတောင်ဒီကောင်လေးနဲ့သူငယ်ချင်းဖြစ်ခဲ့တယ်။ ဂျယ်မင်းအမှန်တိုင်းပြောရရင် ဂျီဆောင်းလေးက ဂျယ်မင်းရဲ့ပထမဆုံးသူငယ်ချင်းလို့ပြောလို့ရတယ်။

"အင်း...အဲ့လိုပြောင်းလဲမှအေးမှာ"

"အော်ဒါနဲ့.....အစ်ကိုရော....အစ်ကိုတက္ကသိုလ်ဝင်ခွင့်ဖြေနေတယ်ဆို"

Brutal [Nomin]Where stories live. Discover now