စိတ်လိုက်မာန်ပါဆန်လွန်းတဲ့ ကျွန်တော်က သူ့ပါးကို ဖြန်းခနဲ မြည်အောင် ရိုက်ချလိုက်တော့ သူက ဟက်ခနဲ ရယ်ပါသည်။
“အိုမီဂါအလှလေးဆီက အရိုက်ခံရတာ ဆိုးတော့မဆိုးဘူးပဲ”
ကျွန်တော်ဟာ ငွေးကြေးချမ်းသာတဲ့ အသိုင်းအဝိုင်းမှာ ကြီးပြင်းခဲ့တာကြောင့် မာနကြီးတယ်ဆိုတာ သူ ရိပ်မိပုံပါပဲ။ သူ့လုပ်ရပ်က ကျွန်တော့်ကို စော်ကားရာ ရောက်တယ်ဆိုတာလည်း သူသိတယ်။ ဒါပေမယ့် သိသိကြီးနဲ့ပဲ ကျွန်တော့်ကို လာပြောခဲ့တာ။ အဲ့ဒီအချိန်မှာ ခံပြင်းတဲ့ စိတ်တွေ၊ နာကြည်းတဲ့ စိတ်တွေနဲ့ ကိုယ့်အခြေအနေကိုယ် နားလည်သွားခဲ့ တယ်။ ကျွန်တော်ဟာ လူချမ်းသာတွေ စော်ကားချင်တိုင်း စော်ကားလို့ရတဲ့ အထိကို ဆင်းရဲသွားခဲ့တာ။
“ထွက်သွား! ငါ့အိမ်က”
“မင်း လက်မခံနိုင်ဘူး ဆိုတာ ငါရိပ်မိတယ်။ ဒါပေမယ့် စဉ်းစားပါ။ မင်းသာ ဆန္ဒရှိလာရင် ငါ့ဘက်ကတော့ အချိန်မရွေး ဝဲလ်ကမ်းပါပဲ”
“ခင်ဗျား သေချာမှတ်ထား ဂျွန်ဂျောင်ဂု! ပတ်ဂျီမင်က အကြွေးပိပြီး သေမယ်ဆိုရင်တောင် ဒီလို အလုပ်မျိုးမလုပ်ဘူး။ ပတ်ဂျီမင်က ကိုယ့်ခန္ဓာနဲ့သိက္ခာကို မရောင်းစားဘူး။ အိမ်ထဲကနေ ကန်မထုတ်ခင် ထွက်သွားလိုက်ပါတော့”
“ဟုတ်ပြီ။ ကိုယ် သေချာမှတ်ထားမှာပါ။ သိပ်ပြီး စိတ်ထဲမထားပါနဲ့။ ဒီလိုအခြေအနေတွေက ဆင်းရဲသွားရင် ကြုံလာနိုင်တာပဲ။ ပြီးတော့ မင်းက ပြည့်တန်ဆာမဖြစ်ပါဘူး။ ငါကလည်း သူများနဲ့မျှသုံးရတာ သိပ်မကြိုက်ဘူးလေ”
ဆင်းရဲတဲ့လူတွေဟာ လူချမ်းသာတွေရဲ့ မျက်လုံးထဲမှာ လွယ်ကူနေတာလား။ အထင်သေးစရာ ဖြစ်နေတာလား။ ကိုယ့်ကို ခြေတော်တင်ဖို့ ကြံနေတဲ့ကောင်ကို ကြည့်ရင်း ကျွန်တော့် ရင်ထဲကနေ ရွံ့ရှာမှုက လှိုက်တက်လာသည်။
“ထွက်သွားလိုက်တော့လို့ ပြောနေတယ်!! အခုမထွက်သွားရင် ခင်ဗျားကို တရားစွဲမယ်!!”
“တရားစွဲဖို့ ပိုက်ဆံမရှိလောက်ဘူး ထင်တယ်။ ကိုယ်သွားမှာပါ။ စဥ်းစားအုံးပေါ့ ”