“အဲ့ဒီတော့ သဘောက ဘာလဲ၊ တရားစွဲချင်လည်း စွဲလို့ရတယ်”
“လုယူမယ်ဆိုရင်ရော…”
“ဘာ!”
“ဒီကလေးက ငါတစ်ဝက်ပိုင်တယ်ဆိုတာ သိတယ်မ လား”
“ခင်ဗျား!!”
ဂျွန်ဂျောင်ဂု ဘာကိုဆိုလိုချင်တာလဲ ဂျီမင်သိသည်။ သူက သားကိုလုယူချင်တာ၊ ဘာကြောင့် လုယူချင်ရ တာလည်းဆိုတာတော့ မပြောတတ်ပေမယ့် သားက သူနဲ့ရတဲ့ ကလေးမို့ ဖခင်ဆီမှာလည်း စောင့်ရှောက် ခွင့်ရှိတယ်ဆိုတဲ့ အချက်ကို အသုံးချပြီး သားကို သူ့ ထိန်းချုပ်မှုအောက်ရောက်ဖို့ ကျွန်တော့်ကို တရားစွဲ လို့ရတယ်။ ဒါ့အပြင် ကျွန်တော်က တရားမဝင် ကိုယ်ဝန်လွယ်ခဲ့တာ။ သည့်အချက်ဟာ တရား ရင်ဆိုင်ရသည့် အခါ အားနည်းချက်ဖြစ်သွားနိုင် တယ်။ ဒါ့ကြောင့် တရားရင်ဆိုင်ရင် ရှုံးဖို့ ရာခိုင်နှုန်း များပြီး သားကို ပေးလိုက်ရနိုင်တယ်။
“ဘာလို့ လုယူချင်တာလဲ!”
“မလုစေချင်ရင် တစ်ချက်တော့ရှိတယ်၊ မင်း ငါ့ကို သူ့အဖေအဖြစ်လက်ခံရမယ်။ ငါ့ကိုလက်ထပ်ရမယ်”
“ဘယ်လို!”
“ဘယ်လိုပဲဖြစ်ဖြစ် ကလေးကမွေးပြီးပြီ။ ဖျက်ချလို့ ရတဲ့အခြေအနေလည်း မဟုတ်ဘူး။ ဒီတော့ ငါ့သား အဖြစ် မွေးရုံပဲပေါ့။ မင်းလည်း သူ့ဖခင်ပဲလေ။ ဆို တော့ ငါ့ကိုလက်ထပ်ရမယ်။ ငါ့အိုမီဂါ လုပ်ရမယ်”
“လက်မခံရင်ရော…”
“လက်မခံရင် လုယူရုံပေါ့၊ ငါ့အတွက် ဘာခက်တာ မှတ်လို့လဲ။ မင်းစဉ်းစားအုံးပေါ့”
ဂျွန်ဂျောင်ဂုသည် ထိုင်နေရာမှ ထရပ်လိုက်ပြီး အွန်းရှိနေသည့် အခန်းဆီသို့ သွားသည်။ ထို့နောက် အွန်းကို ချီလာပြီး ဧည့်ထိုင်ခုံမှာ ပြန်ထိုင်သည်။ အွန်း ကလည်း သူ့လက်ထဲ ငြိမ်ငြိမ်လေး လိုက်ပါလာတာ။“ဖေဖေ၊ ဦးလေးကြီးက ဘယ်သူလဲ”
“ဖေဖေ့သူငယ်ချင်း”
“ဟွန်း”ပြောင်စပ်စပ်ရယ်လိုက်တဲ့ ဂျွန်ဂျောင်ဂုကြောင့် အွန်းက ကျွန်တော့်ကို မယုံသင်္ကာဖြင့် ကြည့်သည်။
“ကလေးနာမည်က ဘယ်လိုခေါ်လဲ”
အွန်းက ထဖြေသည်။