နောက်နေ့တွင် ဂျွန်ဂျောင်ဂုသည် မူကြိုကိုသွားကာ ကျောင်းပြန်ဖွင့်ဖို့တိုက်တွန်းခဲ့သည်။ ဒါ့အပြင် မူကြို အတွက်လိုအပ်သည်များ အားလုံးကို ထောက်ပံ့ခဲ့ပြီး နောက်ရက်မှစ၍ Hunter များ၏ ရန်မှကင်းဝေးစေရန် သူ၏တပည့်များကို မူကြိုပတ်လည်တွင် စောင့်ခိုင်းမည် ဟုဆိုသည်။ အဓိကက မူကြိုကို ပြန်ဖွင့်ပြီး ကလေးတွေ ရဲ့ ပညာရေးကို မထိခိုက်စေချင်သတဲ့။ ဒီတော့ ဆရာ တွေကလည်း မူကြို ပြန်မဖွင့်လို့ မရတော့ဘူးပေါ့။
“ဆရာတို့ စိတ်ချလက်ချနေပါ။ အဓိကကမူကြို ပြန်ဖွင့်ပြီး ကလေးတွေရဲ့ပညာရေး မနှောင့်နှေးဖို့က အရေးကြီးဆုံး မဟုတ်လား။ ကလေးတွေရဲ့ လုံခြုံရေးကို စိတ်ချ၊ ကျွန်တော် အာမခံတယ်”
ဆရာတွေမပြောနဲ့ သူတောင် ဂျွန်ဂျောင်ဂုကို လေး စားမိသွားသည်။ အွန်းလေးရဲ့ ပညာရေးကို အလွန် အလေးထားတာမြင်တော့ အံ့ဩမိသလိုပီတိဖြစ်မိသည်။ သို့ပေမယ့် တကယ်တမ်းက အဲ့လိုမဟုတ်။
နောက်ရက်ကြ အွန်းကို ကျောင်းပို့ပြီးနောက်မှာ ဂျီမင့်ကိုအတင်းခွင့်ယူစေပြီး အိမ်သို့ရောက်သော် အမှတ်အသားပြုခွင့်တောင်းတော့သည်။ သည်တော့မှ အွန်းကို မူကြိုအတင်းပို့စေချင်နေရသည့် အကြောင်းကို နားလည်လိုက်ရသည်။ အွန်းလေး မူကြိုမသွားရင် သူ ကိုယ့်အနားကို ကပ်လို့မရဘူးလေ။ နေ့လည်းနေ့မို့ ည လည်း ညမို့လို့ သူကပ်ချင်တာတောင် ကပ်မရ။ ဒီတော့ အွန်းကို မူကြိုပို့ပြီး ပ,ထုတ်လိုက်တာပေါ့။ အတော် ဉာဏ်များတဲ့ အယ်လ်ဖာ။
“ကိုယ့်ကို မယုံတာလား”
“အင်း”
“မယုံလို့မရဘူး”
“ဘာလို့လဲ”
“ ကိုယ်မင်းရဲ့အပိုင် ဖြစ်ချင်နေပြီ”
“မဖြစ်ချင်နဲ့”
“ဂျွန်ဂျီမင်”
“ခင်ဗျား ကျွန်တော့်ကိုလွယ်လွယ် ထင်နေတာလား”
လိုချင်တာမရတော့ ဂျွန်ဂျောင်ဂုရဲ့ မျက်နှာဟာ ဆူ ပုပ်ပုပ်။
“ဟုတ်ပါတယ်၊ အချိန်ယူရမှာပေါ့”
“ခင်ဗျား ကျွန်တော့်ကို သဘောကျလို့လား”