အပိုင်း (၈)

2.3K 307 34
                                    

နေရောင်ခြည် ပျိုးဦးစအချိန်၌ ဂျီမင်သည် ဦးစွာ နိုးလာခဲ့သည် အချိန်အားဖြင့် လေးနာရီ ငါးနာရီလောက် ရှိရောပေါ့။ မနေ့ညက အဖြစ်အပျက်များက သူ့အာရုံထဲ ဝေဝေဝါးဝါးသာ။ ရောက်ရှိနေတဲ့နေရာဟာလည်း အိပ် ခန်းမှာ ဖြစ်သဖြင့် သူ့ကို အယ်လ်ဖာက ခေါ်လာပေးတာ မှန်း ရိပ်မိသွားသည်။ ဝတ်ထားသော အဝတ်အစားတွေ ကလည်း အယ်လ်ဖာရဲ့အဝတ်တွေ။ အယ်လ်ဖာဟာ သူ့ကို အဝတ်အစားဝတ်ပေးခဲ့တာ ဖြစ်လိမ့်မည်။

ဘေးနှစ်ဖက်လုံးကို ရှေ့ဆင့်နောက်ဆင့်ကြည့်လိုက် သည့်အခါ သားနှင့် အယ်လ်ဖာကို မြင်ရသည်။ သူ အယ်လ်ဖာဘက်သို့ လှည့်လိုက်တော့ ခါးက ဆစ်ခနဲ။ အယ်လ်ဖာ၏ မျက်နှာကို မြင်လိုက်ရသည့်အခါ ရင်ထဲ ပို၍လောင်မြိုက်လာသည်။ သူနဲ့ အယ်လ်ဖာက အတူရှိ နေနိုင်ပါ့မလား။ အယ်လ်ဖာရဲ့ခါးကို သူဖက်လိုက်တော့ အယ်လ်ဖာက နိုးလာသည်။

“နိုးနေတာလား”
“အင်မ်း”
“ထပ်အိပ်အုံးလေ….မင်းအိပ်တာ ၅နာရီတောင် မရှိ‌ သေးဘူး”
“ညက ငါအိပ်ပျော်သွားတာလား”
“အင်း၊ ပြန်အိပ်လိုက်အုံး။ မင်းအားပြည့်နေဖို့ လိုအပ် တယ် ”
“ငါ့ကို ပြောစရာမရှိဘူးလား”

မော့ကြည့်လာသော အနက်ရောင်မျက်ဝန်းလေးကို ကြည့်ရင်း အယ်လ်ဖာဟာ သက်ပြင်းဖွဖွ ချလိုက်သည်။

“ဘာသိချင်လဲ”
“ခင်ဗျားက တကယ်ပဲ Hunter လား”
“ဟုတ်တယ်”
“Hunter တွေ လူပုံသဏ္ဍာန် ပြောင်းနိုင်တာလား”
“မဟုတ်ဘူး။ ကိုယ်တစ်ယောက်တည်းပဲ ပြောင်းနိုင် တယ်။ ဘာကြောင့်လဲဆို၊ ကိုယ်ကသူတို့ရဲ့ခေါင်းဆောင် ဖြစ်နေလို့ပဲ။ ဘယ်လိုဖြစ်လာတာလဲ သိချင်လား”
“အင်း၊ ပြောပြ”

အယ်လ်ဖာသည် ဂျီမင့်၏ ခါးသိမ်သိမ်လေးကို ဆွဲဖက်လိုက်ပြီးနောက်….

“ကိုယ် ၃တန်းလောက်တုန်းက မိဘတွေ အဆင် မပြေကြတော့ အရမ်းအထီးကျန်ခဲ့တယ်။ အမြဲတမ်း တစ်ယောက်တည်းပဲ၊ သူငယ်ချင်းလည်းမရှိဘူး။ မောင် နှမလည်းမရှိဘူး။ နေ့တိုင်း တစ်ယောက်တည်းဘောလုံး ကန်တယ်။ ကိုယ်တို့အိမ်က မြို့ပြင်နားမှာလေ၊ ဘေးမှာ တောင်တွေရှိပြီး တောအုပ်တွေလည်းရှိတယ်။ တစ်နေ့ ကြတော့ ဘောလုံးကစားနေရင်း ဘောလုံးက တော ဘက်ကို လွင့်သွားတယ်။ အဲ့ဒီမှာ ဘောလုံးကို သွားပြန် ကောက်ဖို့သွားရင်း Hunter တစ်ကောင်ကိုက်တာကို ခံလိုက်ရတယ်။ Hunterကကိုယ့်ရဲ့လက်ဖျံကိုကိုက်ရင်း လဲကျသွားကြီးသေသွားတယ်။ ကိုယ်လည်း ကြောက် ကြောက် လန့်လန့်နဲ့ အော်ငိုပြီး အိမ်ကိုပြန်ပြေးလာခဲ့ တာပေါ့။ ကိုယ့်မိဘတွေကလည်း လန့်ပြီး အမြန်ဆေးရုံ ပို့ကြတယ်။ ဆေးရုံသွားပြီး နောက်ရက်မှာပဲ ဒဏ်ရာ တွေက အမာရွတ်တောင်မကျန်ဘဲ ပျောက်သွားကြ တယ်။ အဲ့ဒါကို ဘယ်သူမှ သတိမထားမိကြဘူး”

HUNTERWhere stories live. Discover now