ဂီးးး!”
မျက်စိတစ်မှတ်လေး အတွင်းမှာတင် ဂျီမင့်ရှေ့က ခရိုင်ရဲမှူးဟာ Hunter၏ခုန်အုပ်ခြင်းကိုခံလိုက်ရသည်။ ခရိုင်ရဲမှူးသည် ကြောက်လန့်တကြားအော်ဟစ်ကာ Hunterဆီမှ အသည်းအသန်ထွက်ပြေးတော့ Hunter က သူ၏ခြေထောက်အား ကိုက်စွဲပစ်လိုက်သည်။
“အားးးးး!”
သူ၏ အော်သံနက်ကြီးဟာ ဟိန်းခနဲ။ ခြေသလုံး တစ်ခုလုံးစုတ်ပြတ်သွားကာ အသားစများဟာ Hunter ၏ပါးစပ်ထဲမှာ…။“ကယ်ကြပါအုံး!! အားးး! ငါ့ခြေထောက်!”
ဤအခြေအနေတွင် ဂျီမင်ရော သူ၏တပည့်ရဲသား ကပါ ကြောင်အနေကြပြီး နှစ်ယောက်လုံးကြက်သေ သေလျက် တောင့်တောင့်ကြီး။ Hunter ဟာ သူ၏ အစွယ်များပေါ်သည် မာန်ဖီကာ တုန်ယင်နေသော ခရိုင်ရဲမှူး၏ ဗိုက်ကို ကိုက်ဖောက်ပစ်လိုက်သည်။ သွေးတွေဟာ ဖြန်းခနဲ။
“အားးးး အစ် အစ်….ကယ်…ကြ…ပါ”
“အားးးးး”
ခရိုင်ရဲမှူး၏ တပည့်ဟာ ကြောက်အားလန့်အားဖြင့် အသည်းအသန်ထွက်ပြေးသွားလေသည်။ ထိုအခါ ဂျီမင် တစ်ယောက်တည်း ကျန်ခဲ့၏။ ဂျီမင်သည် မျက်စိရှေ့မှ သွေးသံရဲရဲကိုကြည့်ရင်း တုန်လှုပ်ကာ ထွက်ပြေးဖို့ပါ မေ့ နေတော့သည်။
“ငါ့….ကို….ကယ်…အစ်”
ခရိုင်ရဲမှူးသည် မျက်လုံးကြီးပြူးလျက် ဂျီမင့်ကို ကြည့်ကာ သူ့ကိုကယ်ဖို့ ပြောနေသော်လည်း ဂျီမင့် တစ်ကိုယ်လုံးတုန်ယင်လာသည်။ ချက်ချင်းပင်သေနတ် ကိုထုတ်ကာ Hunterကိုချိန်ပြီး ဂျီမင် ပစ်လိုက်သည်။
“ဒိုင်း!”
ကျည်ဆန်သည် Hunter၏ ခြေထောက်ကိုရှပ်ထိသွား ပြီး Hunter၏အာရုံဟာ ပစ်ခတ်လိုက်သူ ဂျီမင့်ဆီသို့ ရောက်လာသည်။ Hunter၏စူးရှသော အကြည့်တွေ ဟာ အနီရောင်ဖုံးလွှမ်းနေ၏။ Hunter ဟာ ဂျီမင့်ဆီကို လျှောက်လာသဖြင့် ဂျီမင် အသက်ပင်အောင့်လိုက်မိကာ တဖြည်းဖြည်း နောက်ဆုတ်လိုက်မိသည်။Hunterသည် မာန်ဖီခြင်းမရှိဘဲ ဂျီမင့်ကိုအေးစက် စက် အကြည့်တွေဖြင့်ကြည့်နေ၏။ ဂျီမင် နောက်သို့ ဆုတ်ရင်း သစ်ပင်နှင့်ပိတ်မိသွားပြီး တုန်တုန်ယင်ယင် ဖြင့်ထိုင်ချမိသွားသည်။ Hunterတွေက ဂျီမင့်ကိုမြင်ရင် ထွက်ပြေးကြသော်လည်း ဒီHunterက မဟုတ်။ ဂျီမင့် ကိုကြည့်ကာ အနားကိုပိုတိုးကပ်လာတာအနီးဆုံးအထိ။