UNI
၁၉၇၀ ခုနှစ်က အလိုလိုက်ခံထားရသော ဇနီးလေး
အပိုင်း ၁၁
ကုအိမ် ဖွဲ့စည်းထားပုံမှာ အရှေ့ခြံနှင့် အနောက်ခြံဟူ၍ ဖြစ်သည်။ ပင်မအခန်းကို ၃ခန်းခွဲထားပြီး အရှေ့ အနောက်အခန်းကို ၄ခန်းထပ်ခွဲထားသည်။
အိမ်သာက အနောက်ခြံ၏ တောင်ဘက်တွင် ရှိပြီး ဝက်ခြံလည်း ဆောက်ထားသည်။ အစကတော့ ဝက်မွေးရန် ကုမိသားစု ဆောက်ထားခြင်း ဖြစ်ပေမယ့် ရွာက ထုတ်လုပ်ရေးအဖွဲ့သို့ ပြောင်းသွားပြီးနောက်ပိုင်း သိပ်မသုံးဖြစ်တော့။
ကျန်းထျန် တစ်နေကုန် လျှောက်သွားထားသဖြင့် သူမတစ်ကိုယ်လုံး ချွေးအပြည့်နှင့်ဖြစ်သည်။ နေ့ဘက်တွင် ရေပူပူများတည်ပြီး ရေချိုးထားသဖြင့် သူမ အခု ရေချိုးခန်းသို့ အနည်းငယ်ဆေးကြောရန် သွားလိုက်ပြီး အဝတ်အသန့်များ လဲဝတ်လိုက်သည်။
ကုအိမ်တွင် မိသားစုဝင် ၉ယောက်ရှိသည်။ သူတို့အားလုံး အရှေ့ အခန်း၄ခန်းတွင် နေသည်။
ပထမဆုံးအခန်းက ကျန်းထျန်နှင့် ကုလျန်ရွှမ်အခန်းဖြစ်ပြီး နံရံနှင့် ကပ်ရက်တွင် ကန်စားပွဲအကြီးတစ်ခုရှိသည်။
ဟုန်ချီစုပေါင်းအဖွဲ့ရှိသော ချွီကျန်းခရိုင်မှာ တောင်အရပ်တွင် တည်ရှိသည်။ တောင်အရပ်တွင် လူအနည်းငယ်သာ ကန်စားပွဲရှိသည်။ သို့သော် ကုချန်းချင်မှာ စစ်တပ်မှ စစ်သားဖြစ်၍ အခန်းတွင် အိပ်ရန် ကန်စားပွဲရှိသည်။
တောင်အရပ်မှာ စိုစွတ်ထိုင်းမှိုင်းပြီး ဆောင်းရာသီတွင် ပို၍ပို၍အေးသည်။ ထို့ကြောင့် ကန်စားပွဲကို အပူပေးပြီး အိပ်လေ့ရှိကြသည်။
အရှေ့ ဒုတိယမြောက်အခန်းတွင် ကုလျန်ရုန်၊ အမွှာနှစ်ယောက် ကုလျန်ရှင်းနှင့် ကုလျန်ထောင်အိပ်သည်။
တတိယမြောက်အခန်းမှာ မူလက ညီအစ်မ၃ယောက် ကုလျန်ရှန်၊ ကုလျန်မင်၊ ကုလျန်ရှင်နေသည်။ နောက်ပိုင်း ကုလျန်ရှန် သူမအထက်တန်းအခန်းဖော် တုကျီကျွင်းနှင့် အိမ်ထောင်ကျခဲ့သည်။
YOU ARE READING
၁၉၇၀ခုနှစ်၌ အလိုလိုက်ခံထားရသော ဇနီးလေး
ActionName - The spoiled daughter-in-law in the 1970s Type - web novel Genre - romance Tags - farm wearabook 70s Through Rebirth Authors - Changqiao Myanmar trans - Khat Chapters - 100 This Story Isn't Mine. We're Just Translation. All Credit To Original...