အမှတ်တမဲ့အချစ် အပိုင်း_၁

5.5K 148 5
                                    

တိတ်ဆိတ်နေသော အခန်းတစ်ခန်းတစ်ခုတွင် အထီးကျန်မှုနဲ့နေသားမကျသော
မိန်းမငယ်လေးတစ်ယောက်သည် မျက်ရည်များစွာနဲ့ရှိနေခဲ့သည်"
ထိုမိန်းကလေးသည် အခြားသူမဟုတ်ပါ အသက်၁၀နှစ်ခန့်သာရှိသေးသော ဇာနည်မောင်သာဖြစ်သည်"

မောင့်ဖေဖေနဲ့မေမေသည် အရမ်းချစ်ကြသော ဇနီးမောင်နှံဖြစ်သည်" မေမေသည် အသိုင်းအဝိုင်းကြီးထဲကမွေးဖွားလာရျ် မေမေမိဘ မောင့် အဘိုးအဘွားများသည် ဖေဖေနှင့်သဘောမတူကြ ဖေဖေသည်ငွေရေးကြေးရေးအဆင်မပြေသော ဆင်းရဲသား ဘဝ​က ဆင်းသက်လာသူဖြစ်သည်" မေမေသည် ဖေဖေကိုချစ်လွန်းသည်အမွေပြတ်စွန့်လွှတ်မှုကိုတောင် လက်ခံပြီး ဖေဖေနဲ့လက်ထပ်ယူခဲ့သည်"လက်ထပ်ပြီးနောက်ပိုင်းမှာ အရာရာဟာ အဆင်မပြေခဲ့ပါ ချမ်းသာသည့်အသိုင်းအဝိုင်းက နေထိုင်လာခဲ့သောမေမေ သည် ဆင်းရဲတွင်းထဲတွေ နေထိုင်ဖို့ အသားကျအောင်ကြိုးစားခဲ့သည်"ဖေဖေသည်မေမေကိုချစ်လွန်းသည်မာလဲ အမှန်တကယ်ပင်ဖြစ်သည်"ထမင်းစားနိုင်ဖို့အရေးကို အလုပ်မျိုးစုံလုပ်ခဲ့ရသော်လည်း မေမေကို ပင်ပန်းမှုတစ်ခုမရှိစေအောင် ပင်ပန်းမှုမျှဆိုသောအလုပ်တစ်ခုကိုတောင် မခိုင်းခဲ့ပေ"

မောင့်ဖေဖေနဲ့မေမေသည် လက်ထပ်ပီး ၃နှစ်အကြာမ အရာရာဟာ အဆင်ပြေခဲ့သည်"အလုပ်အကိုင်လဲ လဲအတည်တကျဖြစ်လာခဲ့သည် "နောက်ဆုံး မောင့်ကိုပါ မွေးခဲ့သည် ဖေဖေသ​သည် ယောက်ျားလေးလိုခြင်သော်လည်း မိန်းခလေးဖြစ်သော မောင့်ကို ရခဲ့ကြသည်" ယောက်ျားလေးမဖြစ်သော်လည်း ဖေဖေသည် မောင့်ကို တအားချစ်သည် နာမည်ကိုလဲ ဖေဖေနာမည်ပါအောင် ဇာနည်မောင်ဟု ပေးထားခဲ့သည်"

မောင့်ဖေဖေသည် ဦးမောင်မောင်ဦးဖြစ်ရျ် မွေးလာသော မောင့်ကို မောင်ပါအောင်မှဲ့ပေးခဲ့သည်" ဖေဖေအကြောင်းကိုပဲပြောနေတာဖြစ်သောကြောင့် မေမေကိုမချစ်ဘူးဟု မထင်ပါနဲ့ မောင့်မေမေသည် မောင့်ကို အလိုလိုက်သည်"ဖေဖေနဲ့ဘဝအကြောင်း ဖြတ်သန်းခဲ့ရသောအကြောင်းအရာများကိုလဲ မောင့်ကိုပြောပြလေရှိသည်"မေမေနဲ့မောင်ဆက်ဆံရေးသည် အလွန်နွေးထွေးစွာရှိသည်" သူများနဲ့တန်းတူ မျက်နှာမငယ်အောင်ရအောင်လဲထားပေးသည်" မောင်တို့မိသားစုလေးသည် မချမ်းသာသော်လည်းအရာရာ အဆင်ပြေခဲ့သည်"

ဒီနေ့ မရောက်ခင်အထိပေါ့ ဖေဖေရယ် မေမေရယ် မောင်ရယ်မေမေ ရဲ့ဖေဖေသည် နေမကောင်းဖြစ်နေသည်ဟုမေမေသိထားရျ် မောင်တို့မိသားစုနှင့်တွေ့ခြင်သည်ပြောရျ် ကားတစ်စီးလွှတ်ပီး မောင်တို့ကို လာခေါ်ခဲ့သည်"မောင်နှင့်ဖေဖေသည် မေမေ အိမ်ရှိရာသို့ လိုက်ခဲ့ကြသည်" ကံကြမ္မာသည် ဆိုးရွာလွန်းတယ်ပဲပြောရမလား ထိုနေ့က ညနေဘက်ကိုမိုးသည်းစွာ ရွာသွန်းနေခဲ့သည်" မောင်တို့ကားသည်တစ်ဖက်လမ်းသို့ အဝင် တစ်ဖက်မှထွက်လာသော ကုန်တင်ကားနဲ့ အရှိန်မထိန်းနိုင်စွာ တိုက်ခဲ့ကြသည်" မောင်တုန်လှုပ်စွာ ငေးကြည့်နေစဉ် ဖေဖေနှင့်မေမေ တစ်ကိုယ်လုံးတွင် သွေးများစွာနှင့် မျက်နှာတွင်လည် မှန်စများသည် မြင်မကောင်းစွာ ဖြစ်ခဲ့ရသည်"

ကံဆိုးမှုတွေထဲက ကံကောင်းမှုတစ်ခုဟုဆိုလောက်လို့ရသည်က မောင်တစ်ယောက်သာသည် အသက်ရှင်ခဲ့သည်"ကားမောင်းသည့်ဦးလေးနှင့် ဖေဖေနဲ့မေမေသည် နေရာတွင် အသက်ဆုံးခဲ့ကြသည်" မောင့်မိဘနှစ်ပါး နာရေးအလုံးစုံကို မေမေဘက်ကအမျိုးများကပဲအစအဆုံးလုပ်ပေးခဲ့သည် "

မောင်သည် မိဘနှစ်ပါးနဲ့ပျော်ရွှင်စွာနေသောဘဝမှ မိဘမဲ့ဖြစ်ခဲ့ရသည်"ဖိုးဖိုးကြီးသည် မေမေကိုမကြည်ဖြူသော်လည်း မောင့်ကို စောင့်ရှောက်မဲ့သူမရှိရျ် မွေးစားခဲ့သည်"သားသမီးနဲ့မိဘကြား စိတ်ဆိုစိတ်နာရှိသော်လည်း ဖိုးဖိုးသည် မောင့်မိဘကိစ္စများကြောင့် ကျန်းမာရေးသည် အရင်ကထက်ပိုဆိုးလာခဲ့သည်"

ဒါကမောင့်ဘဝပဲ အသက်၁၀နှစ်မှာ မိဘမဲ့ဖြစ်ခဲ့ရသည် ထို့တွင် ဖိုးဖိုးကြီး တစ်ယောက်သာ ကြည်ဖြူသော အိမ်တွင် မောင်သည် နေထိုင်ခဲ့ရာ ဒီနေ့ဆို ၁လပြည့်ပြီ တစ်နည်းဆိုလျှင် ဖေဖေဦးမောင်မောင်ဦး မေမေ ဒေါ်ဇာကြည် တို့ မောင့်ဘဝကထွက်သွားတာ ၁လပင်ရှိခဲ့ပြီ"

မောင်သည်ကလေးသာသာအသက်၁၀နှစ်သာရှိသော်လည်း ရင့်ကျက်စွာ အားလုံးနဲ့အဆင်ပြေအောင်နေထိုင်ခဲ့သည် " ထိုနေ့တွင်တော့ ထွက်ခွာသွားသည့်မောင့်မိဘတို့ကို လွမ်းပါသည် ထို့နေ့မှလွမ်းတာလားဆိုလျှင်မဟုတ်ပါဟုမောင်ဖြေရလိမ့်မည် မောင့်မိဘတွေဆုံးပီးတည်းက မောင်သည် ထင်သလောက်မပျော်တော့ပါ အရာအားလုံးကို အေးဆက်စွာ ဆက်ဆံပြုမှုနေထိုင်ခဲ့သည်" မောင်အသက်၅နှစ်ပြည့်မွေးနေ့မာ ရိုက်ထားသော မိသားစု ဓာတ်ပုံလေးကို ကြည့်ပီး မောင်သည် အမြဲငိုနေခဲ့သည်"


ခုမစရေးတာမို့ အရေးသားမကောင်းရင် တောင်းပန်ပါတယ်

အမှတ်တမဲ့ အချစ်Where stories live. Discover now