အမှတ်တမဲ့အချစ်_အပိုင်း၂၂

1.5K 76 0
                                    

"ဟက်...ခုတော့လဲမင်းရဲ့အားနည်းချက်ကိုငါရှာတွေ့ပီ...ခင်ရတနာမြိုင်မင်းဘယ်လောက်ထိတောင့်ခံနိုင်မာလဲစားပွဲပေါ်ကပုံတွေကိုကြည့်ပြီးအကြံတစ်ခုထပ်ရသွားသည်...​.ဟားဟား
ဒါဆိုရင်တစ်ချက်ခုပ်နှစ်ချက်ပြတ်...ပွဲကတော့လှနေအုံးမယ်ကွာ"။

"ဟယ်လို...နေကောင်းရဲ့လားကောက်ရိုးပုံစောင်တဲ့...ဘာပါလိမ့်ကွာ။

"ခင်ဗျားဘယ်သူလဲ"

"အေးငါထင်ကျော်ပဲ...  မင်းနဲ့ပြောစရာကိစ္စလေးတစ်ခုရှိနေတယ်တစ်နေရာရာမှာတွေ့ကြရအောင်

"ခင်ဗျားနဲ့ဘာကိစ္စမပြောစရာမရှိဘူး"

"မင်းရဲ့ချစ်လှစွာသောခင်ရတနာမြိုင်ရဲ့အကြောင်းဆိုရင်ယောဘယ်လိုလဲစိတ်ဝင်စားလား။

"ခင်ကဘာဖြစ်လို့လဲ"

"ဒါကတော့မင်းနဲ့လူချင်းတွေ့ပီးမှပြောကြတာပေါ့ကွာ"

"ဟုတ်ပီကျွန်တော်လာခဲ့မယ်"

"စောင့်နေမယ်နော်"

~~~~

"ဦးလေး"

"အေးလာလေကွာဘာပြောစရာရှိလို့လဲ"

"မောင်နောက်အပတ်ထဲမာနိုင်ငံခြားသွားရမယ်အတာဦးလေးကိုပြောပြထားတာပါ"

"ဟေမြန်လှချည်လားကွ"

"ဟုတ်ဦးလေး"

"အေးပါကွာအစစအရာရာဂရုစိုက်နော်ကြာလားဘာဖြစ်ဖြစ်ဦးလေးကိုလှမ်းပြောအတက်နိုင်ဆုံးဦးလေးလုပ်ပေးမယ်"

"ကျေးဇူးတင်ပါတယ်ဦးလေး"

ဟူး....မနဲ့အတူတူရှိဖို့အချိန်၁ပတ်ပဲကျန်တော့တယ်....ဒီကိစ္စကိုဖြူသော်ကိုလဲအသိပေးရအုံးမယ်။

~~~~~

"ခင်ဗျားဘာပြောစရာရှိလို့လဲကိုထင်ကျော်"

"အရင်ထိုင်ပါအုံးကွာ"

"ကျွန်တော်ထိုင်ဖို့လာတာမဟုတ်ဘူးခင်ဘာဖြစ်တာလဲပြော"

"ဟော...စိတ်လောလှချည်လားကွာပြောပါ့မယ်"

"ဒီမာပုံလေးတွေကိုအရင်ဆုံးကြည့်လိုက်ပါအုံး"

"ခင်ဗျား....ဒီပုံတွေကိုဘယ်ကရတာလဲ"

"မင်းသိစရာမလိုပါဘူးကွာ..မင်းကိုခေါ်ရတာကလဲငါ့နဲ့အပေးယူလေးများလုပ်ခြင်မလားလို့"

အမှတ်တမဲ့ အချစ်Where stories live. Discover now