"ဟူး...ခုတော့လဲပြန်ရောက်လာခဲ့ပီငါထွက်သွားတာတောင်၃နှစ်ပြည့်တော့မယ်"
ခုဆိုရင်မောင့်အသက်က၂၁ထဲကိုရောက်နေပီဖြစ်တဲ့အတွက်...အိမ်ရောက်ရင်အမွေကိစ္စတွေကလဲသိရတော့မယ်.... ကောင်းကောင်းမွန်မွန်နဲ့ပီးသွားဖို့ပဲမျှော်လင့်ပါတယ်...အဘိုးစည်းစိမ်တွေကိုလဲမောင်မမက်မောပါ...။"မောလိုက်တာဖြူသော်ကိုအံ့ဩအောင်လုပ်ခြင်တာနဲ့...ကြိုမပြောလိုက်မိဘူးခုတော့လာကြိုမဲ့သူလဲမရှိ...။
"ဒီအိမ်လားတူမကြီး။
"ဟုတယ်ဦးလေး"...ဘယ်လောက်ကျလဲ။
"၁သောင်းပဲပေးပါကွယ်။
"ဒီမာနော်ဦးလေး...။
"ဘယ်သူနဲ့တွေ့ခြင်လို့ပါလဲ။
(ဒီတစ်ယောက်ကခြံစောင့်အသစ်ဖြစ်မည်ထင်တယ်ဒါကြောင့်မောင့်ကိုမသိတာ)
"ဒီအိမ်ကလူပါ...တံခါးလေးဖွင့်ပေးပါအုံး။
"မင်းဒီအိမ်ကဆိုတာဘယ်လိုယုံရမာလဲခုခေတ်ကလွယ်တာမဟုတ်ဘူး။
"ဟူး...ဇာနည်မောင်လို့ပြောလိုက်။
"ဟုတ်ပီခနစောင့်။
"ဒေါ်အေး...အိမ်ရှေ့မာဘယ်သူလဲမသိဘူးရောက်နေတာဒီအိမ်ကလူတဲ့တံခါးဖွင့်ပေးဖို့ပြောနေတယ်။
"ဒီအိမ်ကလူ...မောင်လေးများဖြစ်နေမလား။
"နာမည်က...ဇာနည်မောင်တဲ့။
"ဟယ်မောင်လေး...ဒေါ်အေးသည်ခြံစောင့်ကိုတောင်မစောင့်ပဲပြေးထွက်လာသည်။
"ဖြေးဖြေးလာပါဒေါ်အေးရဲ့မောင်ထွက်မပြေးပါဘူး။
"ထွက်မပြေးတော့ရောမင်းပြောတော့တစ်နှစ်ဆို...ခုဆိုဘယ်လောက်ကြာပီလဲနေနိုင်လိုက်တာ။
"ခုမောင်ပြန်ရောက်လာပီလေဒေါ်အေးရဲ့...ခြံတံခါးကဖွင့်မပေးတော့ဘူးလား။
"လာလာ....ဝင်ပါကွယ်။
"ဒေါ်အေးကတော့နော်အသက်သာကြီးနေတာခုချိန်ထိကျန်းမာနေတုန်းပဲ။
"ဒါနဲ့အိမ်မာဘယ်သူမှလဲမတွေ့ပါလားဦးလေးယော။"အေးကွယ်သူတို့လဲဘာဖြစ်မှန်းမသိဘူး...အရင်ရက်ကစကားများပီးတည်းကပုံမှန်မဟုတ်တော့တာ။
"ကဲပါ...ခရီးပန်းလာတာနားလိုက်အုံးနော်"
ညနေကျမောင်လေးအကြိုက်တွေပဲချက်ကျွေးမယ်။