အမှတ်တမဲ့အချစ်_အပိုင်း၂၇

1.4K 75 8
                                    

"ဟယ်လို"

"ဖြူသော်ငါပါ..."

"ဇာနည်...နင်..နင်ဟာခုမငါ့ကိုဆက်သွယ်ရလားဟမ်..။

"ငါလဲအလုပ်တွေမအားလို့ပါဟာ။

"နင်ကျောင်းဆက်မတက်ဘူးလားဇာနည်။

"ငါမတက်ဖြစ်တော့ဘူးဖြူသော်။

"နင်ဟာ...လုပ်လိုက်ရင်တော့နင့်အမှတ်တွေနဲ့ကြိုက်တဲ့ဟာတက်လို့ရတာကို။

"ငါဒီကကုမ္ပဏီတစ်ခုမှာအလုပ်ဝင်နေတာ"
ငါ့အဘိုးအသိအန်ကယ်တစ်ယောက်ဆီမာ။

"အဆင်ပြေရဲ့လားဇာနည်။

"ပြေပါတယ်ဟ...ငါ့သူငယ်ချင်းလေးကိုလွမ်းတာကလွဲလို့။

"စောက်ပိုတွေခုမငါ့ကိုဖုန်းဆက်ပီးတော့။

"တကယ်ငါမအားလို့ပါ...နောက်ရက်တွေကျနင့်ဆီကိုငါဖုန်းဆက်မယ်....နင်ယောအဆင်ပြေလား။

"ငါကအဆင်ပြေတယ်...ငါခုဆေးကျောင်းတက်နေတာဇာနည်။

"ငါ့သူငယ်ချင်းလေးကဆရာဝန်ဖြစ်တော့မယ်ပေါ့။

"ဝေးပါသေးတယ်ဟယ်...ခုတော့အစနဲ့တင်ရူးခြင်နေပီ"...ဒါနဲ့ဇာနည်နင်သွားတာ၁၀လကျော်နေပီ၁နှစ်ပြည့်ရင်ပြန်လာမာလား။

"ဟင့်အင်း...ငါပြန်မလာသေးဘူးဒီမာပဲနေအုံးမယ်။

"အေးပါ...တစ်သက်လုံး‌တော့မနေရဘူးနော်။

"မနေပါဘူးဟာ..ဖြူသော်ငါမအားသေးလို့ဒါပဲနော်။

"အေးအေး

"သူ့သတင်းတွေကိုမေးခြင်ပေမဲ့မကြားခြင်တဲ့အဖြေတွေရလာမာဆိုးလို့မမေးလိုက်တော့ပဲဖုန်းသာချလိုက်ရတော့သည်။

~~~~~

"ခင်...ကိုယ်တို့လက်ထပ်ဖို့ကိစ္စက"

"ကျွန်မပြောပီးသားလေကိုညီဇော်...ရှင်မကျေနပ်ရင်စေ့စပ်ပွဲကိုဖျက်လိုက်လို့ရတယ်။

"ကိုယ်အလိုမလုပ်ခြင်ပါဘူး..ဒါပေမဲ့ကိုယ်တို့စေ့စပ်ထားတာလဲကြာပီလေ...ခင့်ကိုစိတ်မချတော့ဘူး...လက်ထပ်ခြင်နေပီ။

"ကျွန်မကဘာတွေလုပ်နေလို့လဲကိုညီဇော်...စေ့စပ်ထားတယ်ဆိုပီးလိုက်မချုပ်ခြယ်ပါနဲ့။

အမှတ်တမဲ့ အချစ်Where stories live. Discover now