အမှတ်တမဲ့အချစ်_အပိုင်း၂

2.8K 113 2
                                    

မောင့်အဘိုးအိမ်တွင်နေလာသည်၅လကြာသောအခါတွင် အဘိုးသည် ကျန်းမာရေး သည်အလွန်ဆိုးလာသည် လူကြီးရောဂါဖြစ်တာကြောင့် ဆေးကုသမှုဒဏ်ကို မခံနိုင်တော့ပေ"အဘိုး မကွယ်လွန် ခင်က မောင်နဲ့စကားပြောဖြစ်ခဲ့သည်

"မောင် မြေးလေး လာပါအုံး အဘိုးဆီကို"      မောင်သည် အဘိုးနားသို့သွားလိုက်သည်

"မထင်မှတ်ထားသော အဘိုးသည် မောင့်ကိုတောင်းပန်စကားဆိုလာသည်"... အဘိုးတောင်းပန်ပါတယ်.. မြေးရယ် ..မြေးကို ဂရုမစိုက်ခဲ့ဘူး မြေးမေမေကြောင့် မြေးကိုပါ ဘိုးလျစ်လျူရှုခဲ့မိတယ်"  မောင်သည် အဘိုးပြောသည်ကိုနားထောင်ရျ်သာ နေခဲ့မိသည်"

" ဘာမှပြန်မပြောမိပါ ဝမ်းနည်းတာလားဆိုရင် မောင်ဝမ်းနည်းမိပါတယ် တစ်ဦးတည်းသော သွေးသားဆိုလို့ အဘိုးပဲရှိခဲ့သည်မလား မောင့်မိဘတွေ ဆုံးပီးတည်းက အဘိုးသည် မောင့်အပေါ်ကို လိုလေသေးမရှိ ထားပေးခဲ့သည် "

မောင့်နဲ့စကားပြောပီးမကြာ "တစ်ပတ်အတွင်း အဘိုးဆုံးသွားခဲ့သည် "မောင့်မှာ တစ်ဦးသောသွေးသား အဘိုးကို ဆုံးရှူံးခဲ့ရပြန်သည်"အဘိုးသည် ချမ်းသာသည့်အသိုင်းအဝိုင်းမှဖြစ်သည့်ကြောင့် "လူချမ်းသာများစွာ လာရောက်ဝမ်းနည်းကြောင်းပြောကြသည်"

"မောင်သည်ခြဲဝန်းထဲရှိ ဒန်းပေါ်တွင်ထိုင်နေရင်းငေးနေမိသည်" ထိုစဉ်... ကောင်မလေးတစ်ယောက်.. မောင့်ဘေးသို့.. လာထိုင်သည် မောင်သည် မျက်မှောင်ကြုံရျ်သာ တုန့်ပြန်လိုက်သည်"

"ငါဒီမာထိုင်မယ်နော် " မောင်သည် ဘာမှပြန်မပြော ခေါင်းသာငြိမ့်ပြလိုက်မိသည်"

"ငါ့နာမည်က ဖြူဖြူသော် ငါ့ဒယ်ဒီနဲ့လိုက်လာတာလေ ...ငါတို့သူငယ်ချင်းလုပ်ကြမလား"

မောင်သည် ခေါင်းလဲမငြိမ့်ဘာမှပြန်မပြောတိတ်ဆိတ်စွာ နေလိုက်သည်.....

"နင့်အဘိုးဆုံးသွားလို့ ဝမ်းနည်းနေတာလားဟင် ဘာမှမဖြစ်ပါနဲ့နော်"
ဒါမှမဟုတ် ငါနဲ့သူငယ်ချင်း.... မလုပ်ခြင်လို့လားဟင်"

ဘာမှမဖြစ်ပါနဲ့နော်တဲ့ မောင့်ဘဝမှာပထမကြားဖူးတဲ့...နွေးထွေးသော စကားလေးဖြစ်မည်

အမှတ်တမဲ့ အချစ်Where stories live. Discover now