Chapter 1

268 63 1
                                    

Chapter 1 –  အမြောက်စာသမီးအတုအဖြစ်ကူးပြောင်းသွားခြင်း
.

သူမအပေါ်အမြဲတမ်းအရမ်းကောင်းခဲ့ပုံရတဲ့ မိထွေးပါအစ်မက သူမကိုလှေကားပေါ်ကနေ တွန်းချလိမ့်မယ်လို့ ရွှီကျင်းနင်တစ်ခါမှမထင်မှတ်ထားခဲ့ဘူး။ ထို့အပြင် ဘယ်တုန်းကမှစိတ်မကူးဖူးတာက မျက်လုံးတွေပြန်ဖွင့်လိုက်ချိန်မှာ ကူးပြောင်းသွားခဲ့ပြီး ကိစ္စတွေကိုပို၍ပင်မယုံကြည်နိုင်ဖြစ်စေတာကတော့ သူမအရင်ကဖတ်ခဲ့ဖူးတဲ့ ၈၀ခုနှစ်မှစိတ်ကူးယဉ်ကမ္ဘာတစ်ခုထဲမှာ သူမကိုယ်သူမတွေ့ရှိလိုက်တာပင်။

၂၁ ရာစုမှာမွေးဖွားလာခဲ့ပြီး ရွှီကျင်းနင်ရဲ့အဖေက သူမအမေနဲ့စီးပွားရေးအရလက်ထပ်ခဲ့တဲ့ ဘီလီယံနာသူဌေးကြီးတစ်ယောက်ပင်။ သူမအသက်ငါးနှစ်အရွယ်မှာ သူတို့ရဲ့ဆက်ဆံရေးခွာပြဲသွားကြပြီး ကွာရှင်းခဲ့ကြတယ်။ ၆လကြာပြီးနောက် သူမအဖေကနောက်အိမ်ထောင်ပြုခဲ့ပြီး မိထွေးတစ်ယောက်နဲ့ နောက်ပိုင်းမှာရွှီကျင်းဝမ်ဟုအမည်ပြောင်းလိုက်သည့် မိထွေးပါသမီးတစ်ယောက်ကို ခေါ်ဆောင်လာခဲ့သည်။

ထိုအချိန်ကစလို့ ရွှီကျင်းနင်နဲ့သူမရဲ့မိထွေးပါအစ်မတို့က နှိုင်းယှဉ်စရာတစ်ခုဖြစ်လာသည်။ ရွှီကျင်းနင်ကပညာရေးပိုင်းမှာရုန်းကန်နေရပေမဲ့ မိထွေးပါအစ်မရွှီကျင်းဝမ်ကတော့ အလွန်ထူးချွန်ပြီး နှစ်တိုင်းစကောလားရှစ်တွေရရှိခဲ့သည်။

ရွှီကျင်းနင်မှာခေါင်းမာတဲ့စရိုက်ရှိပြီး စကားကိုတည့်တိုးပြောတတ်ကာ အဖေဖြစ်သူကိုမကြာခဏစိတ်ဆိုးစေလေ့ရှိသည်။ ဆန့်ကျင်ဖက်အနေနဲ့ အစ်မဖြစ်သူရွှီကျင်းဝမ်မှာသိမ်မွေ့တဲ့စိတ်နေသဘောထားရှိပြီး သူမတို့အဖေကိုပျော်ရွှင်အောင် စကားချိုချိုလေးတွေကျွမ်းကျင်စွာသုံးတတ်သည်။ ရွှီကျင်းနင်ကအနည်းငယ်လူကြောက်တတ်ပြီး သူငယ်ချင်းသိပ်မရှိပဲ အိမ်မှာနေရတာကိုပိုကြိုက်သည်။ တစ်ဖက်မှာ အစ်မဖြစ်သူကအလွန်အပေါင်းအသင်းဝင်ဆံ့ပြီး သက်တူရွယ်တူတိုင်းက သူမကိုနှစ်သက်ကြသည်။

ကလေးဘဝကတည်းက လူတွေကသူမကို သူမမိထွေးပါအစ်မနဲ့နှိုင်းယှဉ်ခဲ့ပေမဲ့ ကံကောင်းစွာနဲ့ ရွှီကျင်းနင်ရဲ့ဒူပေနာပေခံနိုင်မှုက အတော်လေးအားကောင်းသည်။ ထို့အပြင် သူမမိထွေးပါအစ်မနဲ့မိထွေးက သူမအပေါ်အမြဲတမ်းကောင်းကောင်းဆက်ဆံခဲ့သည်။ ဒါပေမဲ့ ရွှီကျင်းနင်မထင်မှတ်ထားတာက သူမအသက် ၁၈နှစ်မပြည့်ခင်မှာပဲ သူမရဲ့အရွယ်ရောက်အခမ်းအနားမှာ ကုမ္ပဏီရဲ့ရှယ်ယာတွေအားလုံး သူမကိုပေးမယ်လို့ ကြေညာဖို့သူမ‌အဖေကစီစဉ်ခဲ့တာပင်။

အမြှောက်စာအုပ်စုက ငါ့စိတ်ကိုဖတ်နိုင်တယ်Where stories live. Discover now