အပိုင်း ၁၂ - ကျန်းချန်းကျန့်ရဲ့မူလကံကြမ္မာ
."ကောင်းပြီ ကျွန်တော်ဒီကိစ္စကို စာရင်းလုပ်ထားပြီး တစ်ယောက်ယောက်ကိုလွှတ်ပြီး စုံစမ်းခိုင်းလိုက်မယ်"
"မပူပါနဲ့ အစ်ကိုရွှီ အဖြေကိုသိရတာနဲ့ချက်ချင်း အကြောင်းကြားပေးပါ့မယ်"
တုံ့ဆိုင်းမှုမရှိပဲ ကျန်းချန်းကျန့် လိုလိုလားလားသဘောတူလိုက်သည်။ ဒါကနှစ်ပေါင်းများစွာခင်လာကတည်းက ရွှီအိုက်ကော် သူ့ကိုပထမဆုံးတောင်းတဲ့ အကူအညီဖြစ်တာကြောင့် ကျန်းချန်းကျန့်က ကူညီပေးဖို့တက်ကြွနေသည်။
ဒါပေမဲ့ ဒီလိုကလေးမွေးပြီးပြီးချင်း အလဲခံလိုက်ရတဲ့ဖြစ်ရပ်မျိုး ရွှီအိုက်ကော်မိသားစုမှာကြုံရမယ်လို့ ကျန်းချန်းကျန့်မမျှော်လင့်ထားခဲ့ပေ။
သို့သော်လည်း ဒီခေတ်မှာတော့ အရမ်းထူးဆန်းတဲ့ကိစ္စမျိုးမဟုတ်ပေ။
"ဒါနဲ့ အစ်ကိုရွှီရဲ့ကလေးနာမည်က နင်းနင်ဟုတ်တယ်နော်၊ သူ့ကိုခေါ်လာခဲ့ပါ၊ ကျွန်တော်သူ့ကိုသေချာမှတ်ထားမယ် သူ့ကိုလည်း ကျွန်တော့်ကိုမှတ်ထားခိုင်း နောင်ကို ဒီစီရင်စုမြို့ကိုပြန်လာတဲ့အခါ ကိစ္စတစ်ခုခုရှိရင် ကျွန်တော့်ကိုရှာလို့ရအောင်လို့ "
ရွှီအိုက်ကော်လည်း ကျန်းချန်းကျန့်ပြောတာ အဓိပ္ပာယ်ရှိတယ်လို့ခံစားရသည်။ ထိုကြောင့် အပြင်မှာစောင့်နေတဲ့ နင်းနင်ကိုအထဲခေါ်ပြီး သူ့မိတ်ဆွေနဲ့တွေ့စေလိုက်သည်။
"နင်းနင် ဒါကအဖေ့ရဲ့ညီအစ်ကိုလိုနေတဲ့သူငယ်ချင်း ဦးလေးကျန်းချန်းကျန့်တဲ့"
"နင်းနင် ဦးလေးကို ဦးလေးချန်းကျန့်လို့ခေါ်လို့ရတယ်။ အနာဂတ်မှာ ဒီစီရင်စုမြို့ကိုလာလို့ ကိစ္စတစ်ခုခုရှိရင် ဦးလေးကိုလာရှာလို့ရတယ်။ ဦးလေးက မင်းအဖေရဲ့ညီလိုပဲမို့ တစ်ခုခုဆို အားမနာနဲ့။"
"မင်္ဂလာပါ ဦးလေး ချန်းကျန့်"
[ ဆိုတော့ ဒါက ကျန်းချန်းကျန့်ကိုး။]
ရုတ်တရက် ကျန်းချန်းကျန့်မှာ ထိုအသံကိုကြားလိုက်ရသည်။ ဒါက ရှေ့ကကလေးမဆီက လာတာဖြစ်ပေမယ့် သူမစကားပြောတာကို မမြင်တာကြောင့် သူနားကြားမှားတာလားလို့ထင်လိုက်မိသည်။
YOU ARE READING
အမြှောက်စာအုပ်စုက ငါ့စိတ်ကိုဖတ်နိုင်တယ်
FantasyTotal Chapters -491 This story is not mine. Just fun translations.