Chapter 7

846 122 4
                                    

Chapter 7 – ငါ့ကြက်ပေါင်က ငါ့အနာဂတ်လက်တွဲဖော်အတွက်ပဲ ဖယ်ထားပေးတာ
.

" ပညာတတ်လူငယ်စွန်း ကျွန်တော့စာအုပ်ကို တခြားသူတစ်ယောက်ကိုငှားလိုက်ပါပြီ ဒီကြက်ပေါင်ကို မင်းဘာသာမင်းသိမ်းထားတာ ပိုကောင်းပါတယ်"

ပြတ်ပြတ်သားသားငြင်းဆန်မှုဖြင့် ပညာတတ်လူငယ်ဖူရဲ့အသံကအေးစက်နေသည်။

စွန်းမေ့ဝိန် ခဏလောက်တုံ့ဆိုင်းသွားပုံရပြီးမှ မကျေနက်မှုအရိပ်အယောင်ဖြင့် ဆိုလာသည်။

" ပညာတတ်လူငယ်ဖူရဲ့စာအုပ်ကို ရွှီစဲ့ကိုငှားပေးလိုက်တာမလား မူလတန်းကျောင်းပဲပြီးတဲ့ ရွာသူမရွှီစဲ့က ဘယ်လိုနားလည်နိုင်မှာလဲ"

" ပညာတတ်လူငယ်စွန်းက ရဲဘော်ရွှီစဲ့အပေါ်အထင်သေးနေတာလား ရွာသူမတဲ့လား မင်းရဲ့အဆင့်အတန်းကိုအလေးပေးတဲ့အတွေးက မမှန်ကန်ဘူး ဒီလိုအဓိပ္ပါယ်မရှိတာတွေ ဆက်ပြောနေမယ်ဆို တစ်ယောက်ယောက်နားစွန်နားဖျားကြားသွားခဲ့ရင်..."

သူမစကားတွေရဲ့လေးနက်မှုကို စွန်းမေ့ဝိန်သဘောပေါက်သွားဟန်တူပြီး ချက်ချင်းပါးစပ်ပိတ်သွားသည်။ ခဏတာတုံ့ဆိုင်းနေပြီးနောက် မျက်ရည်ဝဲတဲ့မျက်လုံးတွေဖြင့် နောက်ထပ်ဆိုလာသည်။

" ပညာတတ်လူငယ်ဖူ ရှင်မမြင်နိုင်ဘူးလို့ ကျွန်မမယုံဘူး ကျွန်မ....ကျွန်မရှင့်ကိုသဘောကျတယ် ကျွန်မရှင်နဲ့တွဲလို့ရမလားဟင်"

ပညာတတ်လူငယ်ဖူနဲ့တွဲချင်တဲ့သူမဆန္ဒကို စွန်းမေ့ဝိန်သတ္တိစုစည်းပြီးဖော်ပြတာ ဒါကပထမဆုံးအကြိမ်ပင်။

အစတုန်းက သူမခံစားချက်တွေကို သတိထားမိပြီး ပညာတတ်လူငယ်ဖူအရင်ဖွင့်ပြောလာစေရန် သူ့အပေါ်သူမရဲ့ချစ်ခင်မှုကို ပြသရန်ရည်ရွယ်ထားခဲ့သည်။ ဒါပေမဲ့ အခုတော့ ပညာတတ်လူငယ်ဖူရဲ့နှလုံးသားက ရွှီစဲ့ကိုလုံးဝပေးအပ်ထားဟန်တူတာကြောင့် သူမအချိန်ဆက်ဖြုန်းလို့မဖြစ်တော့ဟု ခံစားလိုက်ရသည်။

ထိုစဉ် ထောင့်တစ်ခုမှာပုန်းနေပြီး စွန်းမေ့ဝိန်ရဲ့စကားတွေကိုကြားသွားတဲ့ ရွှီရှန့်တုန်းမှာ ချက်ချင်းသူ့ခေါင်းကြီးပေါက်ကွဲသွားသည့်အလား ခံစားလိုက်ရပြီး မျက်လုံးတွေပြူးကျယ်သွားကာ မွှန်ထူသွားခဲ့သည်။ ခဏကြာပြီးနောက် နောက်ဆုံးမှာ စိတ်တည်ငြိမ်မှုပြန်ရသွားသည်။

အမြှောက်စာအုပ်စုက ငါ့စိတ်ကိုဖတ်နိုင်တယ်Where stories live. Discover now