Chapter 13

349 93 0
                                    

Chapter 13 - သူအဖေ့ကို လုံးဝ လှည့်စားလိုက်တာပဲ
.

ကျန်းချန်းကျန့်မှာ အိမ်ပြန်ဖို့ကိုမစောင့်နိုင်တော့ပေ။ သူ့အမျိုးသမီးကို ဆေးရုံကိုပို့ပေးပြီး ကိုယ်ဝန်တစ်ကယ်ရှိနေသလားလို့ စစ်ဆေးကြည့်ချင်သည်။

အကယ်၍သာ သူ့မိန်းမမှာ ကိုယ်ဝန်တစ်ကယ်ရှိနေပါက ရွှီကျင်းနင်က သူ့ရဲ့ကံကောင်းတဲ့ကြယ်လေးဖြစ်မှာပင်။

ကျန်းချန်းကျန့်က သူ့ရဲ့မတော်တဆသေဆုံးမှုအကြောင်းနဲ့ သူ့အမျိုးသမီးကိုယ်ဝန်ပျက်ကျနိုင်တာကိုသိသည့်တိုင် အရမ်းကြီးကံဆိုးတယ်လို့သူ့ကိုယ်သူ မခံစားရတော့ပေ။

ဒါတွေဟာ အနာဂတ်မှာတစ်ကယ်ဖြစ်လာမယ်ဆိုပါက ရွှီကျင်းနင်က သူတို့ကို နိမိတ်ကြိုပြတဲ့ ကြယ်လေးပင်။

မဟုတ်ရင် အစ်ကိုကြီးရွှီက သူမကိုဒီနေ့မှာမှ တိုက်ဆိုင်စွာခေါ်လာပြီး သူနဲ့သူ့မိန်းမရဲ့ကံကြမ္မာတွေကို ရွှီကျင်းနင်းရဲ့အတွေးတွေကတစ်ဆင့်ဘယ်ကြားရပါ့မလဲ။

အခုချိန်မှာတော့ သူကသိပြီးပြီဖြစ်တာကြောင့် သူ့ရဲ့ကံကြမ္မာကို သူပြင်ဆင်နိုင်သေးသည်။

အကယ်၍ ဒါတွေတစ်ကယ်မှန်နေခဲ့ပါရင် ရွှီကျင်းနင်က သူတို့ကို ကယ်တင်ပေးတဲ့ ကြယ်လေးဖြစ်မှာမလွဲပေ။

"နင်းနင် သမီးအနာဂတ်မှာ လိုတာတစ်ခုခုရှိရင် ဦးလေးကိုလာရှာနော် ကြားလား အားမနာနဲ့"

ရွှီကျင်းနင်လည်း ကျန်းချန်းကျန်က သူမအပေါ်ပိုပြီးတက်တက်ကြွကြွ ကူညီပေးချင်တာကိုခံစားမိသည်။

ခုနက သူ့ရဲ့အပြုအမူကပုံမှန်ပင်၊ သူ့ညီအစ်ကိုကောင်းရဲ့သမီးလေးတစ်ယောက်လို သာမာန်သူငယ်ချင်းတစ်ယောက်ရဲ့သမီးလေးတစ်ယောက်ကို ဆက်ဆံသလိုသာ။ ဒါကရွှီအိုက်ကော် မျက်နှာကြောင့်ပဲ။

ဒါပေမဲ့ အခုတော့ပြောင်းလဲသွားပုံရပြီး ဒါကသူမကိုလူတစ်ဦးအဖြစ် သဘောထားတာကြောင့်ပင်။

သို့သော်လည်း သူမပေါ်အရမ်းကောင်းရလောက်အောင် ကျန်းချန်းကျန့်အပေါ် သူမကဘာမှကောင်းကျိုးမပြုဖူးတာကြောင့် ရွှီကျင်းနင်က သူမအထင်လွဲမိတာဖြစ်နိုင်လို့ပဲ တွေးလိုက်သည်။

အမြှောက်စာအုပ်စုက ငါ့စိတ်ကိုဖတ်နိုင်တယ်Where stories live. Discover now