Chapter 10

740 121 3
                                    

အပိုင်း ၁၀ - စီရင်စုမြို့လေးကိုသွားခြင်း
.

လှုပ်တုတ်လှုပ်တုပ်ဖြစ်နေသော စက်ဘီးနောက်ခုံတွင်ထိုင်ရင်း ရွှီကျင်းနင်တစ်ယောက် နွေဦးရာသီရဲ့လတ်ဆတ်တဲ့လေညှင်းလေးကိုခံစားကာ အနည်းငယ်အိပ်ငိုက်ချင်သလိုရှိနေရာမှ နိုးကြားလာသည်။

လမ်းကမညီညာတဲ့ တောလမ်းဖြစ်တာကြောင့် မိုးရွာပြီးနောက် ရွှံ့ဗွက်တွေထတဲ့ချိုင့်တွေခွက်တွေအဖြစ်ပြောင်းလဲနေသည်။

လမ်းတစ်လျှောက်လုံးဖြတ်သန်းလာပြီးနောက် အစကအနည်းငယ်စိတ်ရှုပ်ထွေးနေသည့် ရွှီကျင်းနင်လည်းလုံးလုံးလျားလျားနိုးကြားလာတော့သည် ။

အကြောင်းရင်းကတော့ သူမတင်ပါးတွေနာကျင်လှတာကြောင့်ပင်။

မထွက်လာခင်မှာ ကျန်းအိုက်လျန်က သူမအတွက်အနောက်ခုံမှာ ကူရှင်တစ်ခုတမင်ခံပေးလိုက်ပေမဲ့လည်း သူမတင်ပါးတွေ နာကျင်နေတာကနေ မကာကွယ်ပေးနိုင်သေးပါဘူး။

သူမက မူလပိုင်ရှင်ရဲ့ခန္ဓာကိုယ်ကိုရရှိလိုက်ပေမယ့် သူမရဲ့စိတ်ဝိဉာဥ်က ၂၁ ရာစုကကောင်မလေးဖြစ်နေတုန်းမို့ ဒါကိုသည်းမခံနိုင်ပေ ။

မူလခန္ဓာကိုယ်ပိုင်ရှင်က ကျေးလက်မှာဆယ့်ငါးနှစ်လုံးလုံးနေခဲ့ပြီး သုံးနှစ်သမီးကတည်းက လယ်ထဲမှာအလုပ်လုပ်လာခဲ့သူပင်။ သူမမှာအလုပ်လုပ်ဖို့ ခွန်အားအလုံအလောက်ရှိလာသည်နှင့်ချက်ချင်း အလုပ်စလုပ်ခဲ့ရသည်။

သူမနေမကောင်းဖြစ်သည့်အချိန်မှာတောင် အလုပ်လုပ်နိုင်လောက်သေးတဲ့အခြေအနေဆိုရင် သူမရဲ့မွေးစားမိဘတွေက အလုပ်သွားလုပ်စေခဲ့ရာ တစ်ခါတလေဆို လယ်ကွင်းထဲမှာမေ့မြောတာတောင်ရှိခဲ့သည်။

ထိုအချိန်တုန်းက ပတ်ဝန်းကျင်ကပင် သူမရဲ့မိဘတွေက သူမကိုဘာကြောင့် လုံးလုံးဂရုမစိုက်ရလဲဟူ၍မေးခွန်းတွေ ရှိခဲ့ကြသည်။

တကယ်တော့ သူမကိုကြည့်တဲ့သူမမိဘတွေရဲ့အကြည့်က ခံစားချက်နဲ့ချစ်ခြင်းမေတ္တာကင်းမဲ့နေပုံရပြီး အေးစက်တာကို မူလကိုယ်လည်းသတိထားမိပါသည်။ သူမမိဘတွေနဲ့ပိုနီးကပ်ချင်ပြီး သူမကသူတို့နဲ့ရင်းနှီးဖို့ကြိုးစားတိုင်း ခပ်စိမ်းစိမ်းအကြည့်တွေနဲ့ အဝေးတွန်းပို့ခံရသည်ပင်။ 

အမြှောက်စာအုပ်စုက ငါ့စိတ်ကိုဖတ်နိုင်တယ်Where stories live. Discover now