Chapter 2

232 52 7
                                    

Chapter 2 –  စိတ်ထဲက‌အတွေးများ
.

အချိန်တွေကုန်ဆုံးလာသည်နှင့်အမျှ နေ့ရက်လည်းကုန်ဆုံးလာသည်။

ရွှီကျင်းနင်သည် အားကောင်းတဲ့သည်းခံနိုင်စွမ်းနဲ့ အေးအေးလူလူသဘောထား၊ ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့နေထိုင်မှုပုံစံဖြင့် ဖြစ်လာတဲ့အရာကိုလက်ခံနိုင်သည့်လူတစ်ယောက်ဖြစ်နေတဲ့အတွက် တစ်ဖန်ကျေးဇူးတင်မိသွားတယ်။

ရွှီကျင်းနင်အိပ်ရာကနိုးလာပြီးနောက် မထခဲ့ပဲ မနက်ကနေနေ့လည်အထိ လဲလျောင်းနေကာ အပြင်ကဆူညံသံတွေနဲ့ ကြက်သားစွပ်ပြုတ်ရဲ့စွဲမက်ဖွယ်ရနံ့ရလိုက်တော့မှသာ အိပ်ရာကထလာခဲ့သည်။ ဟာလာဟင်းလင်းဖြစ်နေတဲ့ဗိုက်ကိုအုပ်ကာ အရသာရှိလှတဲ့မွှေးရနံ့ကို ရွှီကျင်းနင်အသိအမှတ်မပြုပဲမနေနိုင်ပေ။

ထိုအခိုက်တွင် ကျန်းအိုက်လျန်အခန်းတံခါးတွန်းဖွင့်လာပြီး ရွှီကျင်းနင်နိုးနေတာမြင်သွားတယ်။

" နင်းနင် နိုးပြီလား ဒါဆိုထလာပြီး ကြက်သားစွပ်ပြု‌တ်လေးနည်းနည်းသောက်လိုက်"

" ဟုတ်"
ရွှီကျင်းနင် သဘာဝအလျောက်ပဲမငြင်းဆန်ခဲ့ဘူး။

သူမကမူလကိုယ်ရဲ့အဝတ်အစားတွေဖြစ်သည့် မီးခိုးပြာရောင်အဝတ်နဲ့ အဖာအစပ်တွေအများအပြားနဲ့ဘောင်းဘီကို ဝတ်ဆင်ထားသည်။ တကယ်တော့ မူလကိုယ်ကအရင်တုန်းက သူဌေးသမီးအစစ်ရဲ့ဘဝမှာ နေထိုင်ခဲ့ဖူးပေမယ့် မိဘတွေရဲ့အဆင့်အတန်းကြောင့် လယ်ကွင်းထဲမှာမွေးစားမိဘတွေနဲ့အတူနေခဲ့တဲ့ သူမရဲ့နေ့ရက်တွေကမလွယ်ကူခဲ့ပေ။

(T/N ဒါလေးမျက်စိရှုပ်မှာစိုးလို့ကြိုပြီးရှင်းပြချင်တယ် သူဌေးမိဘတွေကရာထူးကြီးတွေဆိုပေမဲ့ နိုင်ငံရေးအရှုပ်အရှင်းရှိလို့ တောဘက်ရောက်သွားပြီး ဒုက္ခခံခဲ့ရတဲ့ပုံပါပဲ အမြောက်စာခင်ပွန်းထဲက ပါမောက္ခကြီးတောင် နွားတင်းကုပ်မှာနေခဲ့ရတာ အခုလည်းအဲ့ဒီလိုမျိုးပါပဲ)

တစ်ဖက်တွင် ရွှီဖန်းဖန်းက ရွှီမိသားစုမှာနေထိုင်နေစဉ် မူလကိုယ်ရဲ့မိဘတွေနဲ့မောင်နှမသားချင်းတွေဆီက ချစ်ခြင်းမေတ္တာနဲ့ မျက်နှာသာပေးမှုကိုရရှိခဲ့သည်။ ကျေးလက်မှာဆိုပေမဲ့ သက်တူရွယ်တူလူတွေကြားမှာ သူမကအရာရာအကောင်းဆုံးဆိုတာ ပိုင်ဆိုင်ခဲ့သည်။

You've reached the end of published parts.

⏰ Last updated: Jul 06 ⏰

Add this story to your Library to get notified about new parts!

အမြှောက်စာအုပ်စုက ငါ့စိတ်ကိုဖတ်နိုင်တယ်Where stories live. Discover now