Episode 2

69 6 4
                                    

ခုနကစာသင်နေသည့် ဆရာမက သူ့စာသင်ချိန်ပြီး၍ အားလုံးကိုနှုတ်ဆက်ကာ အခန်းအပြင်သို့ထွက်သွားသည်။ ဆရာမထွက်သွားသော်လည်း စောနက တစ်စုံတစ်ဟွန်းစတာကိုခံထားရ၍ စိတ်အလိုမကျဖြစ်ပြီး နှုတ်ခမ်းစူနေသူတစ်ဦးက အခုထိ ထိုအတိုင်းပင်။ ထိုအခြင်းအရာကိုကြည့်ပြီး အသည်းယားနေသူတစ်ဦးက မျက်နှာပေါ်တွင် အပြုံးတစ်ခုချိတ်ဆွဲထားသည်။

'Hyung သူများတွေ သွားကုန်ကြပြီ၊ ကျွန်တော်တို့ရော မသွားဘူးလား။'

အခုက computerအချိန်ဖြစ်၍ အတန်းထဲက ကျောင်းသားအားလုံးအလိုလို computerအခန်းသို့ သွားကြပြီဖြစ်သည်။ သူတို့နှစ်ဦးပဲ အခန်းထဲမှာကျန်နေ၍ ဒိုဟွန်းမေးလိုက်ခြင်းဖြစ်သည်။

'ဟင်၊ ဘယ်သွားမှာလဲ။'

'ကျွန်တော်နဲ့ ကမ္ဘာအပြင်ဘက်'

'မင်းဘာတွေပြောနေတာလဲ။'

'မဟုတ်ဘူးလေ၊ Hyungပဲ ဘယ်သွားမှာလဲဆိုလို့ ကျွန်တော်ပြောပြတာ'

'မင်းငါ့ကိုနောက်စရာထင်နေလား။'

ဂျောင်ဟွမ်ကထိုသို့ပြောလိုက်ပြီး အတန်းထဲကလူတွေကိုလိုက်ကြည့်ပြီး သူတို့နှစ်ဦးမှလွဲ၍ အခြားဘယ်သူမှမရှိတာကြောင့် နာရီပြန်ကြည့်လိုက်သည်။
'ဟုတ်သားပဲ၊ အခုကcomputer အချိန်'

ဒီနေ့ဂျောင်ဟွမ်စိတ်နဲ့လူနဲ့မကပ်၊ အရင်ကထိုသို့တစ်ခါမှမဖြစ်ဖူးပါ။ ကင်မ်ဒိုဟွန်းဆိုသည့်လူနဲ့တွေ့မှ မဖြစ်ဖူးတာတွေစဖြစ်ကုန်တာဖြစ်သည်။ ထို့နောက်အသိစိတ်ပြန်ကပ်ပြီး သူအလျှင်အမြန်အခန်းအပြင်ထွက်ရန် ပြင်လိုက်သည်။ သူ computerအချိန်ကိုလွတ်၍မဖြစ်၊ computerအချိန်တိုင်းမှာ သူgameဆော့တာကြောင့်ဖြစ်သည်။

ဒိုဟွန်းက ရယ်ရင်း ပြောလိုက်သည်။
'ရှက်သွားတာလား။
Hyung ကျွန်တော့်ကိုစောင့်အုံးလေ။'

'ပေါက်ကရတွေလာမပြောနေဘဲ မင်းဟာမင်းသွား။'

'ကျွန်တော်မှနေရာမသိတာ'

ဒိုဟွန်းပြောတာလည်းဟုတ်သည်။ သူကဒီနေ့မှစရောက်လာ၍ ကျောင်း၏ မည်သည့်နေရာ၌ ဘာရှိကြောင်းသူမသိသေး၊ ဂျောင်ဟွမ်က ကျောင်းဆင်းချိန် သို့မဟုတ် အားလပ်ချိန်မှလိုက်ပြမည်လုပ်ထားသည်။ လောလောဆယ် ဒိုဟွန်းကသူနေရာမသိသေးသည်ကြောင့် အရှေ့က အလျင်စလိုထွက်သွားသူအနောက်ကို ပြေး၍ လိုက်လာသည်။

More Than Friend  // DoshinWhere stories live. Discover now