အချိန်တွေကြာလာတာနဲ့အမျှ သူတို့နှစ်ယောက်လည်း တဖြည်းဖြည်းနှင့်ပိုရင်းနှီးလာကြသည်။ ဂျောင်ဟွမ်လည်း ဒိုဟွန်းရဲ့တစ်နေ့တစ်မျိုးမရိုးနိုင်သော စနောက်မှုတွေနဲ့လည်းနေသားကျလာပြီပင်။အရင်က တစ်နေ့မှာတစ်ခါမှမပြုံးတတ်သည့်ဂျောင်ဟွမ်လည်း ဒိုဟွန်းကြောင့် အခုဆိုရင်ကိုယ်တိုင်တောင်သတိမထားမိခင်က သူ့ရဲ့ယုန်သွားလေးတွေပေါ်တဲ့အထိပြုံးမိနေခြင်း။
'Hyung နောက်တစ်ချိန်အတန်းလစ်ရအောင်'
'နှစ်ဝက်စာမေးပွဲကဖြေရတော့မှာ ဘာကိုအတန်းလစ်မှာလဲ'
'အဝေးကြီးကျန်သေးတာကိုဗျာ'
'ငါမလစ်ဘူး၊ နောက်တစ်ချိန်ကအရေးကြီးတဲ့ဟာကို'
'Hyungရာ... လုပ်ပါဗျာ နော် နော်'
'နိုးဆို နိုးပဲ'
ဂျောင်ဟွမ်ကငြင်းနေတော့ ဒိုဟွန်းကဂျောင်ဟွမ့်ကိုကြည့်ပြီး ချစ်စရာရုပ်လေးဖြင့် သူနဲ့အတူအတန်းလစ်အောင်ဆွယ်နေသည်။
ထိုအခြင်းအရာကိုမြင်လိုက်သည့်ဂျောင်ဟွမ်က မျက်စိမှိတ်ကျသည်အထိရယ်လိုက်ပြီး
'မင်းရုပ်နဲ့မလိုက်အောင်လုပ်မနေစမ်းပါနဲ့ ကင်မ်ဒိုဟွန်း၊ ကြက်သီးထစရာကြီး'
'ဒါဆို hyungကျွန်တော်နဲ့အတူလစ်မလား'
'ဟူးးး၊ ဒီတစ်ခါနောက်ဆုံးပဲနော်၊ နောက်တစ်ခါလာမခေါ်နဲ့တော့'
'ဟဲ ဟဲ၊ Hyungကိုအချစ်ဆုံး'
'အပိုတွေလျှော့'
ဒါနဲ့ပါဆိုရင် ဒီနှစ်အတွင်းမှာဂျောင်ဟွမ်အတန်းလစ်တာ 5ခါမကရှိနေပြီ။ ဒိုဟွန်းနဲ့မတွေ့ခင်ကဆို ဂျောင်ဟွမ်ကတစ်နှစ်ပတ်လုံးမှာ တစ်ရက်မှမပျက်ဘဲကျောင်းတက်မှန်သူဖြစ်သည်။ ဒိုဟွန်းဆိုသည့်လူနဲ့တွေ့မှ သူ့အကျင့်တွေပြောင်းကုန်တာဖြစ်သည်။
ဒိုဟွန်းကဂျောင်ဟွမ်ကိုအတန်းလစ်ဖို့ခေါ်တိုင်း အမြဲ 'ဒီတစ်ခါနောက်ဆုံးပဲနော်'လို့ ပြောပေမဲ့ ဒိုဟွန်းကမရ၊ရအောင်ခေါ်သဖြင့် ခေါ်တိုင်းဂျောင်ဟွမ်ပါသွားတာချည်းပင်။
အစောကအတန်းချိန်ပြီးသွား၍ သူတို့နှစ်ဦး၏ အတန်းလစ်တော့မဲ့ အစီအစဉ်စတင်လာတော့သည်။ သူတို့နှစ်ယောက်အတန်းလစ်ရင် သွားတတ်သည့်နေရာတစ်ခုရှိသည်။ ထိုနေရာက ကျောင်း၏ခေါင်မိုးထပ်ပင်ဖြစ်သည်။ သူတို့ကျောင်းက 7ထပ်အမြင့်ဖြစ်တာကြောင့် ခေါင်မိုးထပ်ကနေအောက်ကို အပေါ်စီးဖြင့်ကြည့်ရင် စိတ်ချမ်းသာစရာ veiwလှလှလေးကိုတွေ့ရပြီး ထိုနေရာမှာတိုက်ခတ်နေသည့်လေကလည်း လတ်ဆတ်သည်။ ဒါကြောင့် သူတို့နှစ်ယောက်က ထိုနေရာကိုအမြဲလာတတ်သည်။
YOU ARE READING
More Than Friend // Doshin
FantasyMore Than Friend ~~~~~~~~~~~~~~~ 'ကျွန်တော် Hyungကို သူငယ်ချင်းထက်ပိုချစ်တယ်။' 'ဘယ်လိုမျိုးလဲ။' '........'