'Hyung ဒါကဘယ်လိုတွက်ရမှာလဲဟင်'
တကယ်တော့ ဒိုဟွန်းကတွက်လည်းတွက်တတ်သလို ဉာဏ်လည်းအရမ်းကောင်းသည်။ သူမလုပ်နိုင်တာ ဘာမှမရှိပေ။ သို့ပေမဲ့ အခုသူက သူ့Hyung မျက်နှာမြင်ချင်၍ စာလုပ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ တမင်ဒီအိမ်ကိုရောက်လာတာဖြစ်သည်။
'ဘယ်ပုစ္ဆာလဲ'
'ဒီတစ်ပုဒ်ပါဗျ'
ထို့နောက် ဂျောင်ဟွမ်ကသူထိုင်သည့်နေရာကနေ ထ၍ ဒိုဟွန်းအနားသို့သွားလိုက်ပြီး ဒိုဟွန်းပြောသည့်ပုစ္ဆာကို လိုက်ကြည့်ပေးရပြန်သည်။ ဒိုဟွန်းအခုမေးနေတာ အခုကပထမဆုံးအကြိမ်မဟုတ်ပေ။ စာလုပ်တာအချိန်ဘယ်လောက်မှမကြာသေး 5မိနစ်ခြားတစ်ခါမေးနေတော့သည်။ ဂျောင်ဟွမ်ကစာရှင်းပြတဲ့နေရာမှာ စိတ်ရှည်လို့တော်သေးသည်။ မဟုတ်ရင် ဒိုဟွန်းအစောကြီးကတည်းက အိမ်အပြင်ရောက်နေပြီဖြစ်သည်။
ဒိုဟွန်းက သူ့ကိုရှင်းပြနေသည့်စာကိုမကြည့်ပဲ စာရှင်းပြနေသည့်လူကို ဘေးတစောင်းငေးကြည့်နေသည်။ သူဂျောင်ဟွမ်ကိုငေးကြည့်နေရင်း သူအရမ်းသိချင်တဲ့ တစ်စုံတစ်ရာကိုမေးချင်လာ၍
'Hyung'
'ဟင်'
'Hyungမှာ ကောင်မလေးရှိလားဟင်'
'ဘာလုပ်ဖို့လဲ။
မဆိုင်တာမမေးနဲ့၊ စာသေချာလုပ်''ဟင့်အင်း၊ Hyungမပြောပြရင်မလုပ်တော့ဘူး'
'မင်း ဘယ်လိုဖြစ်နေတာလဲ'
ထိုအခါ ဒိုဟွန်းက သူ့အရှေ့မှာရှိသည့်စာအုပ်ကိုပိတ်လိုက်သည်။ ဂျောင်ဟွမ်ကိုလည်းသူ့ဘက်သို့လှည့်စေပြီး ဂျောင်ဟွမ်ကိုတည့်တည့်စိုက်ကြည့်လိုက်သည်။
'မသိဘူး။ Hyungပြောပြမှ စာလုပ်မယ်'
'မရှိဘူးကွာ မရှိဘူး။'
'ဟီးးဟီးး ထင်သားပဲ'
ဂျောင်ဟွမ်ဖြေလိုက်မှ မှောင်မဲနေသည့်ဒိုဟွန်း၏မျက်နှာက ပြုံးဖြီးလာတော့သည်။
'မင်းကဘာကိုထင်တာလဲ'
'ဘာမှမဟုတ်ဘူး။ စာလုပ်ရအောင်Hyung'
•
နာရီပိုင်းအကြာမှာတော့ သူတို့၏ စာလုပ်ခြင်းအမှုပြီးဆုံးသွားတော့သည်။ အချိန်ကနေ့လည်စာစားချိန်ရောက်နေပြီဖြစ်သည်။
YOU ARE READING
More Than Friend // Doshin
FantasyMore Than Friend ~~~~~~~~~~~~~~~ 'ကျွန်တော် Hyungကို သူငယ်ချင်းထက်ပိုချစ်တယ်။' 'ဘယ်လိုမျိုးလဲ။' '........'