'တောင်းပန်ပါတယ် Hyung၊ အစကတည်းက Hyungကို အဲ့တာကြီးစီးဖို့မခေါ်လိုက်သင့်တာ'
'ရပါတယ်၊ ငါလည်းမစီးတာကြာလို့ဖြစ်တာနေမှာပါ'
သူခေါ်လို့လိုက်စီးပေးရတဲ့ ဂျောင်ဟွမ်ကအခုလိုဖြစ်သွားတာ ဒိုဟွန်းစိတ်မကောင်းပေ။
Roller coasterပေါ်ကဆင်းလာတာနဲ့ ဂျောင်ဟွမ်ကမူး၍ အော့အန်ကုန်တာဖြစ်သည်။
'ဒါဆိုလည်း ကျွန်တော်တို့ပြန်ရအောင်
Hyungလည်းနေမကောင်းဘူးဆိုတော့''ဒီလောက်လေးက ဘာမှမဖြစ်ပါဘူး၊ ရောက်တောင်ရောက်လာပြီကို ပြန်သွားလို့ဖြစ်မလား၊ ထပ်လည်ကြရအောင်'
'Hyung အဆင်ပြေလို့လား'
'အွန်း၊ အခုပြေသွားပြီ'
သူတို့အိမ်မပြန်တော့ဘဲ ထိုအထဲမှာထပ်လည်ပတ်နေကြသည်။ ခဏအကြာတော့ ဂျောင်ဟွမ်က ferris wheelကိုတွေ့၍ ဒိုဟွန်းကိုလက်ညှိုးထိုးပြလိုက်ပြီး
'ငါတို့အဲ့တာ စီးရအောင်၊ ဒိုဟွန်း'
'Hyung စီးချင်ရင်စီးကြတာပေါ့ဗျာ'
ထို့နောက်သူတို့နှစ်ယောက် ticketဝယ်ဖို့ တန်းစီလိုက်ကြသည်။ လူအနည်းငယ်များတော့ ticketရဖို့ တော်တော်စောင့်လိုက်ရသည်။
•
'ရှူခင်းကလှတယ်နော် Hyung'
'အွန်း'
'ဒါမဲ့ hyungရဲ့အပြုံးလောက်မလှပါဘူး'
'ဟင်၊ ဘာကဘယ်လို'
'ဘာမှမဟုတ်ပါဘူးဗျာ၊ ဟဲ ဟဲ'
ရယ်သွေးလွှမ်းပြီးပြောလာသည့် ဒိုဟွန်းကို ဂျောင်ဟွမ်၏မျက်စောင်းက တဝင့်ဝင့်။
'Hyung'
'ဘာတုန်း'
'Hyungက ပုံမှန်ဆိုဘာလို့သိပ်မပြုံးတာလဲ'
ဂျောင်ဟွမ်က ပုံမှန်ဆိုသိပ်မပြုံးပဲ အမြဲခပ်တည်တည်ဖြစ်နေတာကြောင့် ဒိုဟွန်းကသိချင်၍ မေးလိုက်တာဖြစ်သည်။
'ငါကအရူးမလို့အမြဲပြုံးနေရမှာလား'
'Hyungပြောချင်တာက အမြဲပြုံးနေတဲ့လူက အရူးပေါ့'
YOU ARE READING
More Than Friend // Doshin
خيال (فانتازيا)More Than Friend ~~~~~~~~~~~~~~~ 'ကျွန်တော် Hyungကို သူငယ်ချင်းထက်ပိုချစ်တယ်။' 'ဘယ်လိုမျိုးလဲ။' '........'