'Hyung ဗိုက်ဆာပြီလား'
'မဆာသေးဘူး'
ဒိုဟွန်းက သူ့ဘေးနားမှာလှဲပြီးgame ဆော့နေသည့် ဂျောင်ဟွမ်ကိုမေးနေခြင်းပင်။
'ဒိုဒိုက မျက်နှာလိုက်တယ်၊ ငါ့ကိုကျတော့မမေးဘူး
'မေးစရာလား၊ မင်းနဲ့ငါကဘာဆိုင်လို့?
ပြီးတော့ အဲ့ဒိုဒိုဆိုတာကြီးကိုမခေါ်နဲ့ကွာ၊ ပေါတောတောနဲ့''အဲ့လိုမခေါ်စေချင်ရင် ဒိုဒိုကမင်းထပ်အသက်ကြီးတဲ့ငါ့ကို hyungလို့ခေါ်လေ'
'မ ခေါ် နိုင် ဘူး'
ဒိုဟွန်းထိုသို့ပြောလိုက်တော့ မင်ဆူ၏မျက်နှာက မကျေမနပ်ဖြစ်သွားသည်။
ထို့နောက်ဒိုဟွန်းက သူ့ဘေးမှာအိပ်နေသည့်ဂျောင်ဟွမ်၏ ဆံပင်ကိုသပ်တင်ပေးပြီး နှုတ်မှတဖွဖွရေရွတ်နေသည်။
'ကျွန်တော့်ကိုချစ်ပြီလား hyung'
'မင်း မင်းရုတ်တရတ်ဘာထဖြစ်နေတာလဲ'
'အဟွတ် အဟွတ်၊ ဒီရက်ပိုင်းမှာ ကျွန်တော့်ခန္ဓာကိုယ်အရမ်းအားနည်းနေတယ်ဗျာ'
ထိုအခါ လှဲနေသည့်ဂျောင်ဟွမ်က ထထိုင်လိုက်ပြီး
'ဟင်၊ ဘယ်နားနေမကောင်းဖြစ်တာလဲ'
ဒိုဟွန်းက ဂျောင်ဟွမ်၏လက်ကိုဆွဲယူပြီး သူ့ဘယ်ဘက်ရင်ဘတ်ပေါ်သို့တင်ပေးရင်း ပြောလာသည်။
'ဟောဒီနားကလေ အရမ်းနာတာပဲဗျာ
Hyungပြန်မချစ်လို့ ဖြစ်နေတာထင်တယ်''ကင်မ်ဒိုဟွန်းးးးး မင်းစကားအကောင်းပြောလို့မရဘူးလား'
'ဟဲဟဲ၊ Hyungက တကယ်စိတ်ပူသွားတာလားဗျ'
'မ မပူပါဘူး၊ ပူစရာလား'
'Hyungသာစိတ်ပူရင် ကျွန်တော့်အသည်းနှလုံးကြီးကွဲထွက်သွားလည်း တန်ပါတယ်ဗျာ'
ထိုအခါ သူတို့ဘေးမှာရှိသည့်မင်ဆူဆီမှ အသံထွက်လာသည်။
'အော့ အော့ အော့
ကင်မ်မျိုးရိုးက ရုပ်တည်ကြီးနဲ့အဲ့လိုလည်းချွဲတတ်တာပဲလား'သူတို့၏ နှစ်ယောက်တည်းတစ်ကမ္ဘာကိုလာဖျက်ဆီးသည့် မင်ဆူကို ဒိုဟွန်းကfake smileလေးလုပ်ပြလိုက်ပြီး မကျေမနပ်ဖြစ်နေသည့်လေသံနှင့်ပြောလိုက်သည်။
YOU ARE READING
More Than Friend // Doshin
FantasyMore Than Friend ~~~~~~~~~~~~~~~ 'ကျွန်တော် Hyungကို သူငယ်ချင်းထက်ပိုချစ်တယ်။' 'ဘယ်လိုမျိုးလဲ။' '........'