Episode 1

139 8 6
                                    

အခုအချိန်က မိုးရာသီဖြစ်ပေမဲ့ ဒီနေ့က အ‌ရင်‌နေ့တွေလိုမိုးမအုံ့ပဲ နေသာ‌နေတာကြောင့် သူကျောပူတဲ့အထိမအိပ်တော့ပဲ အစောကြီးထလိုက်သည်။ နိုးလာတာနဲ့ ရေမိုးချိုးပြီး ကျောင်းဝတ်စုံတစ်ခါတည်းလဲဝတ်ပြီး အောက်ထပ်သို့ဆင်းလားသည်။

'မောနီး၊ မေမေ'

'ဟေ၊ မောနီးသား‌။ ဒီနေ့ သားအစောကြီးနိုး‌နေသလိုပဲ၊ သားအစောကြီး ကျောင်းသွာမလို့လား။'

'ဟုတ်တယ်။ တစ်ရက်တလေလောက် အစောကြီးထကြည့်တာပါ၊ 딸기ရော မေမေ'

'ခြံထဲမှာထင်တယ် ခုနက မေမေအစာကျွေးပြီး လွှတ်လိုက်တယ်။'

'အာ ဟုတ်ဟုတ်'

ဒီမှာ မေမေသားအတွက် burgerလုပ်ထားပေးတယ်၊ စားပြီးမှကျောင်းသွားနော်။ ဧည့်ခန်းက စားပွဲပေါ်မှာ ထမင်းချိုင့်တင်ထားတယ်‌‌နော်၊ မေမေအခုအပြင်ခဏလောက်သွားစရာရှိလို့ စားပြီးရင် ဒီအတိုင်းထားခဲ့နော်သား မဆေးနဲ့။'

'ဟုတ်ကဲ့၊ မေမေ'

'ဪ ဒါနဲ့သား၊ သားဖေဖေကမနက်အစောကြီး အလုပ်ကိစ္စနဲ့ခရီးထွက်သွားတယ် အဲ့တာသား driverနဲ့သွားလိုက်နော်၊ ကျောင်းအပြန်ကျရင် မေမေလာကြိုမယ်။'

'ရတယ်မေမေ၊ သားဒီနေ့စက်ဘီးနဲ့သွားလိုက်မယ် သိပ်လည်းမဝေးဘူးဆိုတော့၊ မေမေပဲ driverဦးလေးနဲ့ သွားလိုက်နော်'

'ဖြစ်ရဲ့လား သားရယ်'

'ဖြစ်ပါတယ်။ မေမေသွားတော့လေ နောက်ကျနေမယ်၊ ဂရုစိုက်သွားနော်'

'ဟုတ်ပြီ ဟုတ်ပြီ။ သားလည်းသေချာဂရုစိုက်နော်။ မေမေသားအကောင့်ထဲ ပိုက်ဆံထည့်ထားတယ်‌ အဲ့ကပဲသုံးလိုက်နော်'

'ဟုတ်ကဲ့‌ မေမေ'

မေမေထွက်သွားတော့ သူလည်းဗိုက်ဆာနေလို့ စားပွဲပေါ်က အသင့်လုပ်ထားသည့် burgerကို တန်းစားလိုက်သည်။ မေမေက စားပြီးရင်မဆေးနဲ့လို့မှာထားပေမဲ့ သူ့မှာ အစာစားပြီးသည်နှင့်တစ်ခါတည်းတန်းဆေးတတ်သည့် အကျင့်ရှိသည်ကြောင့် ဆေးလိုက်သည်။ ပြီးတာနဲ့ ခြံထဲဆင်းပြီး 딸기နဲ့သူခဏ ဆော့လိုက်သည်။ ခဏကြာ‌တော့ သူယူစရာရှိတာယူပြီး အိမ်ကနေ ကျောင်းကိုအစောကြီးထွက်လာသည်။\

More Than Friend  // DoshinWhere stories live. Discover now