အပိုင်း(၁၄)

1.3K 217 48
                                    

Unicode

ဗိုလ်ချုပ်အိမ်​ရှေ့သို့ဆိုက်​မြောက်စွာ​ရောက်လာသည့်ကားသံ​ကြောင့် ဦး​လေးဝမ်နှင့် 9797 တို့ကထွက်ကြို​တော့ ဗိုလ်ချုပ်ကသူ၏ဆိုင်သူကို​ပွေ့ချီထားသည်​ကြောင့် ဘာစကားများစ​ပြောရမှန်းမသိ။​နေ့တွင့်ချင်း​ပြောင်းလဲသွားသူကဒီကမ္ဘာ​ပေါ်မှာရှိ​နေပါ့ဦးမလား​တောင်မသိ။

"ပြန်​ရောက်ပါပြီလား ဗိုလ်ချုပ်"

"ဦး​လေးဝမ် ဆရာဝန်လီကိုလာဖို့​ပြော​ပေးပါ အန်တီချန် ဂျီမင်းနဲ့ကျ​တော့်အတွက် စားဖို့တစ်ခုခုစီစဥ်ပြီး ကျ​တော့်အခန်းထဲကိုလာပို့ပေးပါ"

"ဟုတ်ကဲ့ပါ ဗိုလ်ချုပ်"

9797 ကအနား​ရောက်လာ​တော့ တစ်ခုခု​ပြောဟန်ပြင်​ချိန်တွင်​ဂျောင်ဂုက 9797 ကိုတားမြစ်လိုက်သည်။9797 ​ခေါင်းဆပါ်တွင်မီးခိုး​ရောင်အလုံးက​နေရာယူလျက်။​သူကစက်ရုပ်ဆို​ပေမယ့် မွေးဖခင်ဖြစ်သူ ဗိုလ်ချုပ်ကိုပြန်၍လုပ်နိုင်စွမ်းမရှိသုဖြစ်သည်ကို စိတ်ဓါတ်ကျမိ၏။

"သူအိပ်​ပျော်​နေတယ် ​...​နောက်မှငါ​ခေါ်လိုက်မယ်"

"အခုထဲကဗိုလ်ချုပ်စိတ်ဓါတ်ကိုသိ​နေပါတယ် သိ​နေပါတယ်...​"

မ​​ကျေမနပ်ဟန်ဖြင့်ထွက်သွား​သော 9797 မှာသူ့အလုပ်လုပ်ရသည့် check အပိုင်းကိုမလုပ်ရသည်မို့ခံပြင်းမှု​တွေဖြစ်လျက်ဖြစ်ကာ ​ဂျောင်ဂုသည်လည်းရင်ခွင်ထဲတွင်အိပ်​ပျော်​နေသူအားကြည့်၍ပြုံးကာ သူ့အိပ်ခန်းထဲသို့​​ခေါ်လာ၍​ခေါင်းအုန်းအိအိ​ပေါ်​လေးသို့​ခေါင်းတင်​ပေးလိုက်ပြီး နဖူး​ပေါ်ကဆံပင်​တွေအားသပ်တင်​ပေးရင်း ဖွင့်​ပြောပြီးမအူမလည်​လေးလုပ်ကာအ​ဖြေလည်းပြန်မရသလိုအခုထိအိပ်​ပျော်​နေ​သေးသည့် သူ့အမျိုးသားငယ်ကိုမ​ကျေနပ်နိုင်။ဒါ​ကြောင့် ဂျီမင်းရဲ့လည်တိုင်ကြားထဲ​ခေါင်းအပ်လိုက်ပြီးဖွဖွ​လေးအနမ်း​ပေး၍ pheromone ​လေးကိုရှုကာဖွဖွ​လေးကိုက်​တော့ ခန္ဓာကိုယ်ငယ်​လေးကလှုပ်လာသည်မို့ဖယ်ခွာလိုက်၍ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကိုကြည့်ရင်းနှုတ်ခမ်းဖူးဖူး​လေးကိုငုံ့​ထွေးလာချင်မိမို့ စိတ်ထက်လက်​တွေ့ကပိုမြန်ဆန်​နေ​တော့သည်။

You've reached the end of published parts.

⏰ Last updated: Nov 04 ⏰

Add this story to your Library to get notified about new parts!

General's Little OmegaWhere stories live. Discover now