၃.
1 0 0
၃ ။
၁.
လရိပ်က မုန့်ဈေးတန်းတွင်မုန့်စားလေ့မရှိသော်လည်း အခန်းထဲတွင် ထူးသစ်ပိုင်ရှိနေသောကြောင့် ထမင်းဘူးကိုယူ၍ အဆောင်ထဲမှထွက်လာခဲ့လိုက်သည် ။ ဤသို့ထွက်လာရင်း မရည်ရွယ်ပဲ စက်ဘီးများထားသည့်နေရာဆီသို့ လှမ်းကြည့်လိုက်မိသည် ။ ဤသို့ကြည့်လိုက်စဉ် စက်ဘီးများ၏အရှေ့ဆုံးတွင်ရပ်ထားသောစက်ဘီးသည် မိမိနှင့်အလွန်ရင်းနှီးခဲ့ဖူးသောစက်ဘီး ဖြစ်နေသောကြောင့် ထိုစက်ဘီးအနားသို့လျှောက်လာခဲ့လိုက်သည် ။
ဆေးအဖြူသုတ်ထားသောဤစက်ဘီးသည် အတော်ဟောင်းနွမ်းနေပြီဖြစ်သော်လည်း အကောင်းစားတံဆိပ်ဖြစ်သည့်အပြင် ယခုပိုင်ရှင်က ပြန်လည်မွမ်းမံထားသောကြောင့်ထင်သည် ။ ယခုခေတ်ပေါ်သည့်စက်ဘီးများနှင့် ရင်ဘောင်တန်းနိုင်သည် ။ ထို့ကြောင့် စက်ဘီး၏အရှေ့တွင်တပ်ထားသော ကော်ခြင်းတောင်းလေးကို ဖွဖွကိုင်လိုက်ပြီး
" ဖေဖေသိပ်သဘောကျတဲ့စက်ဘီးလေးကို သားထိန်းသိမ်းမထားနိုင်တာကိုဖေဖေသိရင် ဘယ်လောက်တောင်ဝမ်းနည်းမလဲနော် "
ဟု ခပ်တိုးတိုးရေရွတ်လိုက်သည် ။ ထိုစဉ်မှာပင် လှိုက်ကနဲဝမ်းနည်းလာပြီး မိမိကိုယ်ကိုယ်ပင်မသိလိုက်ပဲ မျက်ရည်တို့က ပါးပြင်ပေါ်သို့လိမ့်ဆင်းကျလာသည် ။ ထို့ကြောင့် မျက်ရည်များကို လက်နှင့်ဖိသုတ်လိုက်ပြီး
" ဖေဖေဖြစ်စေချင်သလို အမေနဲ့မိလေပြေကိုရော ဒေါ်လေးကိုရော သားကမကြောင့်မကြထားမှာမို့လို့ သားတို့ကိုစိတ်မပူပါနဲ့ ဖေဖေ "
ဟု ပြောလိုက်သည် ။ ပြီးသည်နှင့် စက်ဘီးအနားမှ ခွာလာခဲ့လိုက်သည် ။
၂.
နေ့လည်စာစားပြီးနောက် ထူးသစ် ကူးစရာရှိသည့်မှတ်စုကိုဆက်၍ကူးဖြစ်သည် ။
သို့သော် ...
မိမိဦးဏှောက်၏စွမ်းဆောင်ရည်က ယခင်ကလောက်မကောင်းတော့သဖြင့် လုပ်ရမည့်စာများအကုန်လုံးကိုမေ့မသွားခင် တစ်လက်စတည်း စာကူးရင်း မှတ်ရမည့်စာများကိုပါ အလွတ်ရအောင်မှတ်နေသဖြင့် စာကူးခြင်းသည် တော်တော်နှင့်မပြီး ။ အတန်းပြန်စရန် ခေါင်းလောင်းထိုးသောအခါမှ တစ်ဝက်ပြီးသည် ။ ထို့ကြောင့် ကူးလက်စစာအုပ်ကို ပြန်သိမ်းထားလိုက်ပြီး ယခုဝင်မည့်ဆရာမ၏စာအုပ်ကိုထုတ်ထားလိုက်သည် ။ ထိုစဉ်