၆.
0 0 0
၆ ။
၁.
ထူးသစ်တစ်ယောက် တစ်ရက်လုံးလုံး အိမ်တွင်းအောင်းပြီးနောက်နေ့တွင် ကျောင်းပြန်တက်ရန်ခွင့်ပြုချက်ရသည် ။ ကျောင်းတက်ရန်ခွင့်ပြုချက်ရသော်လည်း မုန့်ဟင်းခါးဆိုင်သို့ကိုမူ သွားခွင့်မရသေး ။ ထို့ကြောင့် အဒေါ်သုံးယောက်အား မနက်ပိုင်းကူလုပ်စရာရှိသည်များကိုကူလုပ်ပေးပြီး မနက်ရှစ်နာရီခွဲသောအခါမှ ကျောင်းသို့ထွက်လာခဲ့လိုက်သည် ။
စက်ဘီးနှင့်လာခြင်းဖြစ်သည့်အပြင် ကားလည်းရှင်းပြီး ကျောင်းနှင့်အိမ်က မဝေးသောကြောင့် အချိန်ဆယ်မိနစ်နှင့်ပင် ကျောင်းသို့ရောက်သည် ။ မိမိထုံးစံအတိုင်းဆိုလျှင် အခန်းထဲမဝင်သေးပဲ ဝေ့နေအုံးမည်ဖြစ်သော်လည်း လရိပ်အေးထံမှ စာအုပ်ငှားထားသည်ကိုပြန်ပေးရအုံးမည်ဖြစ်သောကြောင့် အခန်းထဲသို့ တန်းဝင်လာခဲ့လိုက်သည် ။ မိမိကိုမြင်သည်နှင့် ကောင်းခန့်သာက ဝမ်းသာအားရနှင့်
" Roll 1 "
ဟု ကုန်းအော်သည် ။ ထို့ကြောင့် ရယ်လိုက်ပြီး ကောင်းခန့်သာ၏ဘေးတွင် ဝင်ထိုင်လိုက်ကာ
" ငါ့ကိုမြင်တာ ဘာဖြစ်လို့ဒီလောက်တောင်ပျော်နေရတာလဲ "
ဟု မေးလိုက်သည် ။
၂.
ကောင်းခန့်သာက
" Roll 1 နှစ်ယောက်စလုံးကကျောင်းမလာတော့ ငါ့စိတ်ထဲမှာနေရတာဟာတာတာကြီးနဲ့ "
ဟု ပြောလာသောကြောင့် ထူးသစ် လရိပ်အေး၏နေရာကို အမှတ်မထင်ကြည့်လိုက်ပြီး
" လရိပ်အေးကရောမလာဘူးလား "
ဟူ၍ မေးလိုက်သည် ။ ကောင်းခန့်သာက ခေါင်းညိတ်ကာ
" ပုံမှန်ဆို လရိပ်အေးကကျောင်းမပျက်တတ်ပါဘူး ..... အခုပျက်တတယ်ဆိုတော့ နေများမကောင်းလို့လားမသိဘူး "
ဟု ယူဆချက်ကို မိမိအားပြောပြသည် ။ ပြီးမှ
" မင်းကရော ..... ဘာဖြစ်လို့ပေါ်မလာတာလဲ "