၅ ။
၁.
ထူးသစ် မနေ့ညက အိပ်ရာစောစောဝင်သောကြောင့် ယနေ့မနက် စောစောနိုးနေသည် ။ အပေါ်ထပ်ဘုရားခန်းဆီမှ အဒေါ်သုံးယောက်၏ ကြည်လင်သာယာသောဘုရားစာရွတ်သံကိုကြားနေရပြီဖြစ်သောကြောင့် ဆက်မအိပ်တော့ပဲ ကိုယ်လက်သန့်စင်ကာ အခန်းထဲမှ ထွက်လာခဲ့လိုက်သည် ။ မနက်ခင်းခြောက်နာရီသာရှိသေးသော်လည်း အလုပ်သွားသည့်လူများ ၊ ဈေးသည်များ ၊ ဈေးဝယ်များနှင့် မိမိတို့လမ်းက စည်ကားနေပြီဖြစ်သောကြောင့် ညနေတိုင်း မိမိ၏အဒေါ်အလတ်လုပ်လေ့ရှိသည့် ခြံထဲမှသစ်ပင်များကိုရေလောင်းရန် ခြံထဲသို့ဆင်းလာခဲ့လိုက်သည် ။
မိမိက နေမြင့်သည့်အချိန်အထိအိပ်လေ့မရှိသော်လည်း မနက်တိုင်း ခုနစ်နာရီမှထလေ့ရှိသောကြောင့် မိမိ၏အဒေါ်သုံးယောက်သည် မည်သည့်အချိန်များတွင်ထ၍ မည်သည့်အလုပ်များကို ခွဲဝေ၍လုပ်သည်ကိုမသိသော်လည်း မနက်ကိုးနာရီထိုးတိုင်း နေ့ဆွမ်းခံကြွလေ့ရှိသော ရပ်ကွက်ထဲရှိ ပရိယတ္တိစာသင်တိုက်တစ်ခုမှ ရဟန်းသံဃာများအား ဆွမ်းလောင်းလေ့ရှိကြောင်းကိုမူသိသဖြင့် သစ်ပင်ရေလောင်းပြီးသည်နှင့် မီးဖိုချောင်ထဲသို့ ဝင်လာခဲ့လိုက်ပြီး ဆွမ်းလောင်းရန်မည်သည့်အရာကိုပြင်ဆင်ထားသနည်းဟု စူးစမ်းရှာဖွေကြည့်မိသည် ။
အရွက်သင်ကာ သဲမရှိစေရန်ရေစိမ်ထားသည့်ချဉ်ပေါင်ရွက်များကလွဲ၍ အခြားမည်သည့်အရာကိုမှမတွေ့သဖြင့်မီးဖိုချောင်ထဲတွင် မိမိကူလုပ်စရာအလုပ်မရှိကြောင်း သိလိုက်ရသည် ။ ထို့ကြောင့် အိမ်အလုပ်ကူလုပ်မည့်အစီအစဉ်ကိုလက်လျှော့လိုက်ပြီး အခန်းထဲသို့ ပြန်ဝင်လာခဲ့လိုက်သည် ။
၂.
မနက်ခင်းနေရောင်ခြည်က မျက်နှာတည့်တည့်သို့ထိုးနေပြီဖြစ်နေပြီဖြစ်သော်လည်း လရိပ်နေရာမှမရွှေ့လိုသေး ။ ပေကပ်၍ ဆက်လှဲနေမိသည် ။ ထိုစဉ်မှာပင် အခန်းတံခါးခေါက်သံနှင့်အတူ လေပြေ၏
" ကိုကြီး "
ဟု ခေါ်လိုက်သံကိုကြားရသည် ။ လတ်တလောတွင် လေပြေနှင့်ရော တစ်အိမ်လုံးနှင့်ရော စကားပြောလိုစိတ်မရှိသေးသောကြောင့် လေပြေ့အသံကိုကြားသော်လည်း မကြားဟန်ဆောင်ကာ မျက်လုံးများကို ပြန်မှိတ်လိုက်သည် ။ လေပြေကမူ မိမိမကြားဟန်ဆောင်နေသည်ကို သိဟန်မတူ ။ အနားသို့လျှောက်လာပြီး
YOU ARE READING
Romanceထူးသစ်ပိုင် & လရိပ်အေး ထူးသစ်ပိုင် & လရိပ်အေး ⏭ 20.4.2024