4 0 2
📚 ချစ်ရက်ရှည်ရှည် ကံ့ကော်မြေ 📚
၇ ။
၁.
လရိပ်အေး၏အိမ်က မာတင်ထဲတွင်ရှိသည်ဟုပြောသော်လည်း လမ်းဆုံးကာနီးတွင်ရှိသော လေပြေတို့အိမ်ရောက်ကာနီးအထိ အိမ်ကိုမပြသောကြောင့် ထူးသစ် စက်ဘီးကိုထိုးရပ်လိုက်ပြီး
" လရိပ်အေး "
ဟု ခေါ်လိုက်သည် ။ ထိုအခါမှ လရိပ်အေးက ကြောင်တောင်တောင်ဖြင့်
" ဟမ် "
ဟု ပြန်ထူးသောကြောင့်
" မင်းအိမ်ကမရောက်သေးဘူးလား "
ဟူ၍ မေးလိုက်သည် ။ မိမိ၏မေးခွန်းကို လရိပ်အေးကပြန်မဖြေရသေးခင်မှာပင် မိမိတို့ထက်အနည်းငယ်ကြီးဟန်တူသော လူသုံးလေးယောက်က မိမိတို့ရှိရာဆီသို့ လျှောက်လာသည်ကိုတွေ့ရသည် ။ လရိပ်အေးက ထိုလူများကိုမြင်သည်နှင့် အထိတ်တလန့်ဖြင့်
" နင်း နင်းတော့ ..... ထူးသစ်ပိုင် "
ဟု ပြောသည် ။ လရိပ်အေးပြောလိုသည့်စကား၏အဓိပ္ပါယ်ကို ကောင်းကောင်းမသိသော်လည်း လရိပ်အေး၏ပုံစံက ဟန်ဆောင်နေသည့်ပုံမပေါ်သောကြောင့် လရိပ်အေး၏စကားအတိုင်း စက်ဘီးကို အရှိန်ဖြင့်နင်းထွက်လာခဲ့လိုက်သည် ။
၂.
အာကာဦးနှင့်အာကာဦး၏သူငယ်ချင်းလေးယောက်ကို အိမ်နားတွင်မမျှော်လင့်ပဲတွေ့လိုက်ရသောကြောင့် လရိပ် သွေးပျက်သွားကာ ထူးသစ်ပိုင်ကို
" နင်း နင်းတော့ ..... ထူးသစ်ပိုင် "
ဟု ပြောလိုက်ပြီး စက်ဘီးကိုနင်းခိုင်းလိုက်သည်  ။ ထူးသစ်ပိုင်ကလည်း မိမိစကားအတိုင်း စက်ဘီးကို စွပ်ကျယ်စက်လမ်းပေါ်အထိ အရှိန်နှင့်နင်းပေးသည် ။ အတော်လှမ်းလှမ်းသို့ရောက်သောအခါမှ
" ဘာလဲ ..... ဘာဖြစ်လို့လဲ "
ဟု မေးသည် ။ ထို့ကြောင့် သက်ပြင်းရှိုက်လိုက်ပြီး
" စောစောကတွေ့ခဲ့တဲ့လေးယောက်က မကောင်းတဲ့လူတွေ ထူးသစ်ပိုင်ရဲ့ ..... ဟိုရက်ကသူတို့နဲ့ငါပြသနာဖြစ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးကိုရောက်သွားရသေးတယ် "