Description

320 41 5
                                    

ဒီဇာတ်လမ်းကိုရေးဖို့လုပ်နေခဲ့တာ အတော်ကြာပါပြီ။ တစ်နှစ်နီးပါးလောက်ရှိပြီလို့ ပြောရမလားပေါ့နော်။ စိတ်တွေသေဆုံးသွားတယ်ဆိုတာကို ကြားဖူးကြလား။ သိပ်ချစ်ခဲ့ရတဲ့၊ သိပ်မျှော်လင့်ခဲ့ရတဲ့ အချစ်ရေးတစ်ခုကို ဆုံးရှုံးလိုက်ရတဲ့ စိုင်းလင်းကိုကိုရဲ့ မျက်ဝန်းတွေထဲမှာ သဒ္ဒါယံဆိုတဲ့ ကောင်မလေး ထွက်သွားကတည်းက အပြာရောင်မှိုင်းပြပြ ဝမ်းနည်းမှုတွေပဲ ရှိတော့ပါတယ်တဲ့။

ချောမောလွန်းတဲ့ အမျိုးသားတစ်ယောက်ရဲ့ မျက်နှာမှာ မြင်နေရတဲ့ ဝမ်းနည်းပူဆွေးမှုဟာ သိပ်ကိုအကျည်းတန်ပြီး တစ်ဖက်လူက မျက်ဝန်းသေတွေကို ခံနိုင်ရည်မရှိနိုင်လောက်တဲ့ထိ အေးစက်သွားတဲ့ လူတစ်ယောက်ကို ဖန်တီးချင်ခဲ့တာကြောင့် စိုင်းလင်းကိုကိုကို ဖန်တီးမိလိုက်တာလည်း ဟုတ်ပါတယ်။

အဲဒါကပဲ ခေါင်းစဉ်ကို 'ချစ်ခြင်းဖြင့် နွေးစေလို' လို့ပေးဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ အဲလိုအေးစက်နေတဲ့ စိုင်းလင်းကိုကိုရဲ့ဘဝနဲ့ နှလုံးသားကို လေးနှစ်ငယ်တဲ့စာရေးဆရာလေးက ဘယ်လိုအနွေးဓာတ်ပေးသွားမလဲဆိုတာကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

သွေးရန်က စိုင်းလင်းကိုကိုတွေ့ခဲ့ရသမျှ ကြင်ဖက်တွေထဲမှာ တစ်ဦးတည်းသော ယောက်ျားလေးဖြစ်သလို တွေ့တွေ့ချင်းမှာပဲ အဲဒီမျက်ဝန်းတွေကိုတည့်တည့်ကြည့်ပြီး သဘောကျတဲ့အကြောင်းပြောခဲ့တဲ့ ကောင်လေးပေါ့နော်။

နှစ်ယောက်က အသက်လေးနှစ်ကွာပါတယ်။ စိုင်းလင်းကိုကိုက 28 နှစ်ဖြစ်ပြီး သွေးရန်က 24 ပါ။ သွေးရန်က English Major နဲ့ကျောင်းပြီးထားပေမဲ့ စာရေးဆရာ၊ စိုင်းလင်းကိုကိုကတော့ Applied Artificial Intelligence နဲ့ကျောင်းပြီးထားပြီး AI engineer တစ်ယောက်ပါ။ တည်နေရာကတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အခြေခံထားပါတယ်။

ကျန်တာကတော့ ကျွန်တော့်ထုံးစံအတိုင်း ဘာတွေရေးမိမလဲတော့မသေချာသေးဘူးပေါ့နော်။ အပြာရောင်မျက်ဝန်းတွေနဲ့အတူ ပြန်လာပါပြီ။ 🩵

ချစ်ခြင်းဖြင့် နွေးစေလိုTahanan ng mga kuwento. Tumuklas ngayon