4.

191 26 2
                                    

အိမ်ပြန်ရောက်သည်နှင့် ဝယ်လာသည်တွေကို နေရာချကာ သွေးရန် ဟင်းသီးဟင်းရွက်နဲ့ မုန့်တချို့ကို ရေခဲသေတ္တာထဲထည့်နေသည်ကို စိုင်းလင်းကိုကို လှမ်းကြည့်နေမိသည်။ ဧည့်ခန်းနှင့် မီးဖိုချောင်ပါရှိသည့် ထမင်းစားခန်းက မှန်တံခါးသာခြားတာမို့ လှူပ်လှုပ်လှုပ်လှုပ်နှင့် ဝယ်လာသည်များကို စီစီရီရီထည့်နေသော သွေးရန်ကို ဆိုဖာပေါ်မှ အတိုင်းသား မြင်နေရသည်။

ဒီအိမ်က သွေးရန်ပြောင်းလာမှ ပစ္စည်းလေးတွေ စုံစုံလင်လင်နှင့် ပြည့်ပြည့်ကြပ်ကြပ်ရှိလာတာဖြစ်သည်။ သွေးရန်က အသုံးအဆောင်ပစ္စည်းတွေအပြင် ဟိုဟာဒီဟာ တိုလီမုတ်စလေးတွေပါ သယ်လာခဲ့တာမို့ အိမ်က အိမ်နဲ့တူလာသည်ကိုတော့ လက်ခံရမည်ပင်။

ဒီရက်ပိုင်း စိုင်းလင်းကိုကို သိသိသာသာ သတိထားမိလာသည်က သွေးရန်ပြုံးလိုက်တိုင်း ပေါ်ပေါ်လာတတ်တဲ့ သွားတက်တွေပင်။

'အစ်ကို ဟင်းချက်နေတုန်း နွားနို့သောက်ထားနှင့်မလား'

သူလှမ်းကြည့်နေတုန်းမှာ သွေးရန်က ပြောလာတာမို့ နှစ်ယောက်လုံး မျက်လုံးချင်းစုံသွားရသည်။ သွေးရန်ကတော့ သာမန်မေးလိုက်တာပေမဲ့ သူ့ကိုကြည့်ကာ အတွေးများနေသည့် စိုင်းလင်းကိုကိုမှာ ရုတ်တရတ် ဘာဖြေရမှန်းမသိ။

'ဟင်'

'နွားနို့'

'ဟင်'

'သောက်ထားနှင့်မလားလို့'

'ဟင့်အင် တော်ပြီ ကိုယ်မဆာဘူး၊ အင်္ကျီလဲလိုက်ဦးမယ်'

စိုင်းလင်းကိုကို လက်ထဲကဖုန်းကိုချကာ အိပ်ခန်းထဲဝင်သွားတော့ သွေးရန်လည်း နောက်ကလိုက်ဝင်လာခဲ့၏။ သူဝင်လာတာကို မြင်သူက ဘာလို့လဲဆိုသည့်အကြည့်တွေဖြင့်ကြည့်လာ၏။

'ဘာလဲ'

'ကျွန်တော်လည်း အဝတ်လဲမလို့လေ၊ ဟင်းချက်ရင် အနံ့တွေစွဲကုန်မှာပေါ့'

သွေးရန် ပြောရင်းဆိုရင်း အင်္ကျီကိုဆွဲချွတ်လိုက်ကာ အဝတ်ဗီရိုဆီသွားတော့ စိုင်းလင်းကိုကို မျက်နှာလွှဲသွားသည်။

'ဪ အင်း၊ ဒါဆို မင်းအရင်လဲလိုက်'

ထို့နောက် အခန်းထဲကထွက်သွားသော စိုင်းလင်းကိုကိုအား သွေးရန် ခေါင်းလှည့်ကာကြည့်လိုက်သည်။ ခုဏကတည်းက သူ့ကို လှမ်းကြည့်ရင်း တွေးနေငေးနေသော စိုင်းလင်းကိုကို၏ အပြုအမူကြောင့် သွေးရန် တိတ်တိတ်လေးခိုးပြုံးနေမိ၏။ အခုလည်း သူအဝတ်လဲတာကို မကြည့်ရဲလို့ ထွက်သွားပြန်သည့် စိုင်းလင်းကိုကိုက သူ့မျက်လုံးထဲ ချစ်စရာအတော်ကောင်းလှသည်။

ချစ်ခြင်းဖြင့် နွေးစေလိုOù les histoires vivent. Découvrez maintenant