5.

57 12 0
                                    

'သူငယ်ချင်း Look at this'

Video Call တွင် သူငယ်ချင်းဖြစ်သူ လျှံက လေယာဉ်လက်မှတ် တစ်စောင်ကို ထောင်ပြလာသည်။ ဘန်ကောက်ရောက်ကတည်းက လူချင်းမတွေ့ရတော့တာ အတော်ကြာနေပြီ ဖြစ်သည့် သူငယ်ချင်း ဖြစ်သူကို သွေးရန် ကြောင်ကြည့်နေမိ၏။

'ဟဲ့ ဘာလဲ အားး'

သွေးရန် သူငယ်ချင်း၏ Surprise ကြောင့် ပျော်သွားကာ ရယ်လိုက်မိပြီး အိပ်ရာထဲလူးလိမ့်လိုက်မိသည်။ အမှန်ပြောရလျှင် ဘန်ကောက်မှာ သူငယ်ချင်းဟူ၍ မယ်မယ်ရရ မရှိတာကြောင့် အထီးကျန်လှသည်မို့ ရင်ထဲမှာ အပျော်တွေလှိုက်တက်လာ၏။

'ဘာလဲဟာ မပြောမဆိုနဲ့'

'အပျော်မစောနဲ့ဦး ဒီမှာရော ကြည့်'

Camera area ထဲသို့ဝင်လာသည့် သတိုးလျှံကိုပါ မြင်လိုက်ရပြီး သူကလည်း လေယာဉ်လက်မှတ်ကို ထောင်ပြလာသည်။ သတိုးလျှံနှင့် လျှံက သွေးရန် အလယ်တန်းကတည်းက ပေါင်းလာသည့် သူငယ်ချင်းတွေ ဖြစ်ပြီး၊ သူတို့နှစ်ယောက်ကတော့ နှပ်ချေးတွဲလောင်းအရွယ်ကတည်းက ရင်းနှီးခဲ့ကြသူတွေဖြစ်သည်။ အနေအေးသည့် သွေးရန်က သတိုးလျှံဟုနာမည်ကြီးသည့် တပူးပူးတတွဲတွဲနှစ်ယောက်နားကို ရောက်သွားပြီး အခုချိန်ထိ ပေါင်းဖြစ်နေဆဲ။ သတိုးနှင့် လျှံနှစ်ယောက်က ဂျပန်ကိုရောက်သွားခဲ့ကာ သွေးရန်ကတော့ ကျောင်းဆက်တက်ဖို့လည်း စိတ်ကူးမရှိဘဲ အခန်းတွင်းအောင်း၊ စာရေးကာ အေးအေးဆေးဆေးပဲနေချင်သူမို့ ထိုင်းကိုပဲရောက်လာခဲ့သည်။

'ဘာလဲဟာ မင်းတို့က ရုတ်တရတ်ကြီးလာမှာက'

'မင်းမွေးနေ့လည်းရောက်တော့မှာလေ'

'ဂျပန်ကနေပြီး ဒီအထိကို'

'အမလေး ရင်ထဲ ထိမနေနဲ့၊ ငါတို့လည်း တစ်ပတ်လောက် အနားယူချင်လို့ မင်းမွေးနေ့ရောရှိနေတာနဲ့။'

'သူများတွေလို ယောက်ျားယူပြီး စာထိုင်ရေးနေရတာမဟုတ်ဘူးလေ။ ကျောင်းတက်ရ၊ အလုပ်လုပ်ရသေးတာ နော် လျှံ'

သတိုးက အသံကျယ်ကျယ်ဖြင့်ပြောလာတော့ ပိတ်မထားမိသည့် အိပ်ခန်းတံခါးကို လှည့်ကြည့်ကာ ကြားသွားမလား စိုးရိမ်လိုက်မိသေး၏။

ချစ်ခြင်းဖြင့် နွေးစေလိုWhere stories live. Discover now