1.

206 32 0
                                    

"ရန်ပါ ယံမဟုတ်ဘူး"

သွေးရန်၏ သတိပေးသံကြောင့် လက်ထပ်စာချုပ်ပေါ်တွင် နာမည်ရေးနေသည့် ဘောပင်ကိုင်ထားသော စိုင်းလင်းကိုကို၏ လက်သည် ယပလက်ရေးရန်ဟန်ပြင်ပြီးမှ ရပ်တန့်သွားခဲ့သည်။ ထို့နောက် ဘာမှမပြောဘဲ "ရန်" ဟုအသာရေးလိုက်သည်။

မိဘတွေ တပြုံးပြုံးဖြစ်နေသည့် မင်္ဂလာပွဲလေးတွင် သွေးရန်၏မျက်နှာကလေးမှာ ကြည်ကြည်လင်လင်ရှိသော်လည်း စိုင်းလင်းကိုကို၏ မျက်နှာတွင်ကား မည်သည့် ခံစားချက်ကိုမှ မြင်မနေရချေ။ အလိုမကျခြင်း၊ ငြင်းဆန်လိုခြင်းများလည်းမရှိနေခဲ့သလို၊ ကျေနပ်နှစ်ခြိုက်ခြင်းကိုသော် ပိုလို့ပင် ရှာမရခဲ့။

________________________________________________

လွန်ခဲ့သော သုံးလ။

ဒီအရွယ်ကြီးမှ အသည်းကွဲလို့ စားမ၀င်အိပ်မပျော်၊ ကမ္ဘာကြီးတစ်ခုလုံးပြိုလဲသွားရသည်မှာ ရှက်စရာကောင်းသော်လည်း စိုင်းလင်းကိုကိုမှာတော့ ဖြည်မဆည်နိုင်ပါ။ တစ်သက်လုံးအတွက် အများကြီးရည်ရွယ်ခဲ့ပြီးမှ ထားရစ်ခဲ့ခံရသော နှလုံးသားသည် ရေသောက်မြစ်အလုပ်မလုပ်တော့သည့် အပင်တစ်ခုကဲ့သို့။

စိုင်းလင်းကိုကို ဘန်ကောက်ကိုထွက်လာပြီး နောက်တစ်နှစ်နေရင်လိုက်လာမည်ဟု ကတိပေးခဲ့သော မိန်းကလေးသည် အခုတော့ အကျိုးအကြောင်းမတိုက်ဆိုင်စွာ သူ့အား လမ်းခွဲစကားဆိုလာခဲ့သည်။

မူးလာတိုင်း ခေါ်မိသည့် contact သည် သဒ္ဒါယံဆိုသည့် မိန်းကလေး။ မချစ်နိုင်တော့ဘူးဟု ဆိုခဲ့ခြင်းသည် ကြိုးစားရန်ပင်မရှိတော့ဟူသည့် အဓိပ္ပာယ်ပင်။

စိုင်းလင်းကိုကို၏ အခြေအနေကို ရိပ်မိသော်လည်း အချိန်တန်လျှင် သူ့ဟာသူအဆင်ပြေသွားလိမ့်မည်ဟု တွက်ထားသော မိဘတွေကတော့ လွှတ်ထားခဲ့သည်။ သို့သော် စိုင်းလင်းကိုကိုသည် တစ်နှစ်လောက်ကြာသည်အထိ အခြေအနေတိုးတက်လာခြင်းမရှိခဲ့ချေ။ မြန်မာနိုင်ငံမှာပဲရှိနေကြသေးသော မိဘများအနေနှင့် အခြားနိုင်ငံတွင် တစ်ယောက်တည်း ထိုသို့ စိတ်ကျနေသော သားဖြစ်သူကို စိတ်ပူကြရှာကာ ဖုန်းတွေတတီတီဆက်လို့ရှိကြသည်။

ချစ်ခြင်းဖြင့် နွေးစေလိုWhere stories live. Discover now