အထက်တန်း ဒုတိယနှစ်က စာများတယ်လည်း မဟုတ်သလို အရင်နှစ်တွေလို အချိန်တွေအများကြီး အားလပ်နေတာမျိုးလည်း မဟုတ်ဘူး ။
အရာအားလုံးက တစ်သမတ်တည်း သတ်မှတ်ထားတဲ့အတိုင်း သွားနေတဲ့ခံစားချက်နဲ့ နေ့ရက်တွေဟာ ကုန်လွန်နေတာကိုတော့ သတိထားမိတယ် ။" ရှောင်ယန် မာမားဘာလုပ်ပေးရဦးမလဲ ။ တစ်ခုခုစားချင်တာရှိလား "
မာမားက သူ့အခန်းတံခါးကို ဖွဖွလေးဖွင့်ပြီး ခေါင်းလေးပြူဝင်လာရင်း နူးနူးညံ့ညံ့အသံနဲ့ ပြောတယ် ။
နေ့တိုင်းရဲ့ ဒီအချိန်ဟာ အိမ်မှာ ဟောက်ရှန်းစာကျက်တဲ့အချိန် ဖြစ်ပြီးတော့ စာလုပ်တဲ့အချိန်မှာ အနှောင့်အယှက်မဖြစ်ရအောင် မာမားက အိမ်သားအားလုံး သူ့အခန်းဆီ လာတာကို ပိတ်ပင်ပေးထားတယ် ။ အပြန်အလှန်အနေနဲ့ ဟောက်ရှန်းကတော့ မာမားကို စာလုပ်တဲ့ ညတိုင်းရဲ့ ခုနစ်နာရီကနေ ဆယ်နာရီအတွင်းတံခါးမခေါက်ဘဲ အခန်းထဲ ဝင်လာခွင့်လေး ပေးထားရဲ့ ။ဟောက်ရှန်းက ပြုံးရင်း ခေါင်းခါပြတော့ မာမားက အခန်းထဲ ဝင်လာပြီး သူ့ခေါင်းကို ဖွဖွပုတ်တယ် ။
" စာလုပ်တာကလည်း လုပ်တာပေမဲ့ ညကို တအားနက်မှတော့ မအိပ်နဲ့နော် ။ ဘာမှ မလုပ်ပေးရဘူးဆိုရင်တောင် မာမား နွားနို့ဘူးတွေ ရေခဲသေတ္တာထဲ ထည့်ထားပေးတယ် ။ ညကျ တစ်ခုခုစားချင်ရင် မာမားကို လာနှိုးလည်းရတယ် သိတယ်မလား "
ဒုတိယတစ်ကြိမ်မြောက် ဟောက်ရှန်းက ခေါင်းခါပြီး ပြုံးမိရတယ် ။ မာမားက ဒီအဖြေပဲရမှာကို သိနေတာတောင်မှ နေ့တိုင်းမပြတ် မေးတတ်တာလေ ။
" ဟုတ်ပါပြီ မာမား ။ ကျွန်တော် နေ့တိုင်းကြားနေရလို့ စာတွေထက်တောင် အလွတ်ရနေပြီ ဟုတ်ပြီလား ။ တစ်ခုခုလိုတာနဲ့ မာမားတို့ အခန်းတံခါးကို လာခေါက်လိုက်မှာမို့ စိတ်ချပြီးအိပ် "
မာမားက သူ့ကိုရယ်သွားတယ် ။ ဟောက်ရှန်းကတော့ ခေါင်းပေါ်က ပွသွားတဲ့ ဆံပင်တွေကို သပ်လို့ မာမားက အခန်းတံခါး ပိတ်သွားတဲ့အထိ ကြည့်နေပြီး "ဝမ်အန်း" လုပ်ပြီးမှ စာအုပ်ပုံထဲ ခေါင်းပြန်နှစ်ရတော့တာပဲ ။
YOU ARE READING
叫我你的傻瓜 || XiangLin
Fanfiction0816 x 0615 A XiangLin Myanmar Fan-fiction. (+WenXuan as side CP)