ငါ့ကို မင်းရဲ့အရူးလေးလို့ ခေါ်ပါ (၃)

49 11 0
                                    

သူတို့လေးယောက်လုံး စာမေးပွဲကိုတော့ အကောင်းဆုံး လုပ်ခဲ့ကြတာ ကျိန်းသေတယ် ။ ကျောင်းပြီးသွားတဲ့ ခံစားချက်ဟာ လစ်ဟာလို့ ။

အဲ့တာထက် ပိုပြီး အထီးကျန်စရာကောင်းတာက သူတို့လေးယောက်အတူ လျှောက်သွားလျှောက်စား တစ်ပတ်လောက် အချိန်တွေဖြုန်းအပြီး ယန်ဟောက်ရှန်းက ဟယ့်အာနဲ့အတူတူ နှစ်ယောက်တည်းရှိဖို့ ပလန်တွေ ဆွဲနေခဲ့တဲ့ ဟယ့်အာရဲ့ မွေးနေ့အပတ်မှာ ဟယ့်အာတို့မိသားစုက ချန်တူးကို အမျိုးတွေဆီ အလည်ဆိုပြီး ပြန်သွားကြတာပဲ ။

အတွဲတစ်တွဲ လျှောက်သွားနေတာနောက်လည်း တစ်ယောက်တည်း မလိုက်ချင် ၊ လိုက်ချင်တဲ့လူကလည်း အနားမှာမရှိနဲ့ ယန်ဟောက်ရှန်းရဲ့ နေ့စဉ်ဘဝက တကယ်ကို ခြောက်ခြောက်ကပ်ကပ် ။

ဗီရိုပေါ်မှာ တင်ထားတဲ့ ဘောလုံးဟာ စာမေးပွဲကြီး ဖြေပြီးတာတောင် အခုထိ မဆော့ရသေးဘူး ငြိမ်သက်လို့ ။

စာလုပ်နေတဲ့ရက်တွေမှာ ဖုန်းနဲ့ အဆက်အသွယ်မရှိဖြစ်ခဲ့တာကနေ ဟယ့်အာနဲ့သူ့ရဲ့ သီးသန့်ဆက်သွယ်မှုလေးဟာ ပြတ်တောက်နေခဲ့တာလည်း ကြာပြီ ။ အဲ့တာကို တွေးမိရင်းပဲ ယန်ဟောက်ရှန်းက WeChatကို ဖွင့်ကြည့်တော့ ဟယ့်အာရဲ့ momentမှာ ရယ်မောနေတဲ့ပုံလေးတွေ တင်ထားတာကို တွေ့ခဲ့တယ် ။

ဟယ့်အာက တကယ်ကို ပျော်နေတာ ။ ညီလေးညီမလေးတွေကြား ကလေးဗိုလ်လုပ်နေတဲ့ ပုံလေးတွေ ၊ လူကြီးတွေက သူ့ကို ဝိုင်းကြည့်နေတာကို သူက ရယ်မောနေတဲ့ ပုံတွေ ၊ ပန်ဒါတွေကိုတောင် သွားကြည့်ခဲ့သေးတာအထိ တစ်ပုံချင်းစီတိုင်းမှာ မတူညီတဲ့ အပြုံးတွေနဲ့ ။

လက်တွေက အလိုအလျောက် ဓာတ်ပုံတွေကို ဖုန်းထဲသိမ်းထည့်မိနေရင်းကနေ နင့်နင့်နဲနဲ လွမ်းလာတယ် ။
ဟယ့်အာက တကယ် ဘယ်မှာပဲနေနေ အကောင်းဆုံးနေနိုင်တယ် ၊ ပျော်နေနိုင်ပြီး လူတိုင်းနဲ့ အဆင်ပြေတဲ့ကလေးပဲ ။

< မွေးနေ့မှာ ပျော်ရွှင်ပါစေ ဟယ့် ။
ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် သိလာခဲ့ကြတာ ကြာပြီ ။ ပျော်ရွှင်တဲ့ မင်းပဲ အမြဲတမ်း ဖြစ်နေပြီး စိတ်ဝင်စားသမျှအကုန်လုံးကို အကောင်းဆုံးလုပ်နိုင်ဖို့ မျှော်လင့်တယ် ။ အသက်ဆယ့်ရှစ်နှစ်မှာ မင်းအတွက် ပိုကောင်းတာတွေ ရှိနေပါစေ >

叫我你的傻瓜 || XiangLin Where stories live. Discover now