ငါ့ကို မင်းရဲ့အရူးလေးလို့ ခေါ်ပါ (၂)

54 10 0
                                    

ဟယ့်အာက တကယ်ပဲ သူ့မွေးနေ့ ရောက်တဲ့အထိ ဘာလိုချင်တယ်လို့ မပြောခဲ့ဘူး ။
အဲ့တာကြောင့် ယန်ဟောက်ရှန်း သူ့ဘာသာ စဉ်းစားပြီး ဟယ့်အာမွေးနေ့မှာ ပေးခဲ့တာက နှင်းတွေကြားထဲမှာ စာဖတ်နေတဲ့ ကောင်လေးတစ်ယောက်အရုပ်ပါတဲ့ ဖန်ဘောလုံးလေး ။
ပြီးတော့ နောက်တစ်ခု ထပ်ဆောင်းအနေနဲ့ အဲ့ဒီဆိုင်မှာ တွေ့ခဲ့တဲ့ သိုးမွေးလက်အိတ်ဖြူဖြူလေးနှစ်ခုလည်းပါတယ် ။

အဲ့ဒီဖန်ဘောလုံးထဲက လူလေးက ဟယ့်အာနဲ့တူတယ်လို့ ယန်ဟောက်ရှန်းက မြင်မြင်ချင်းကတည်းက ထင်ခဲ့တာ ။
သိုးမွေးလက်အိတ်လေးကလည်း တစ်နေရာတည်းမှာ ရှိနေလို့ တစ်ပါတည်း ဝယ်လိုက်ရင်းက ဘရန်းဖြစ်နေပေမဲ့ နှမြောတာတော့ မရှိခဲ့ဘူး ။ ဘယ်လိုပဲဖြစ်ဖြစ် ဟယ့်အာနဲ့ လိုက်မှာပဲဆိုတဲ့အတွေးက နည်းနည်းပိုပြီး များနေခဲ့တာ သူ့စိတ်ထဲ ။

အဲ့ဒီအချိန်က လုံးဝ နွေရာသီဆိုပေမဲ့ ဟယ့်အာရဲ့ စားပွဲပေါ်က မွေးနေ့လက်ဆောင်တွေကြား တစ်ခုတည်း ထင်းထွက်နေတဲ့ သူ့ရဲ့ လက်ဆောင်ပစ္စည်းလေးကို ကြည့်မိမှ ယန်ဟောက်ရှန်းက ရယ်မိတော့တာပဲ ။
ဟယ့်အာကတော့ အဲ့တာကို သဘောအကျဆုံးလို့ပြောတယ် ။ သူတို့နှစ်ယောက်က ဒီလထဲ နေ့တိုင်းအိမ်အတူပြန်ပြီး အရင်ကထက် တကယ်ကို ရင်းနှီးလာခဲ့ကြတာ ။

ညဘက်တွေ စာပို့တာကတော့ ကျိန်းသေပေါက် အမြဲမလုပ်ဖြစ်ဘူးပေါ့ ။ အထက်တန်း နောက်ဆုံးနှစ်က သူတို့ရဲ့ကျောကပ်ရပ်မှာရှိနေတာမို့ နှစ်ယောက်လုံးက စာလုပ်တဲ့အကျင့်လေးတွေကို မပျက်ချင်ကြဘူး ။

ဟောက်ရှန်း မွေးနေ့ကလည်း ခပ်မြန်မြန်ပဲ ရောက်လာခဲ့ပြီး အဲ့တာက ကျောင်းတွေပိတ်ထားတဲ့ ဩဂုတ်လမှာ ။
သူတို့လေးယောက်က အထက်တန်းနောက်ဆုံးနှစ်အတွက် ကျူရှင်တူတူတက်နေကြတာမို့ ကျောင်းပိတ်သွားလည်း အပတ်တိုင်းတွေ့နေကြတုန်း ။

နွေရာသီက ကုန်တော့မယ် ။ အထက်တန်း နောက်ဆုံးနှစ်အတွက် အလုပ်ရှုပ်နေပြီဖြစ်တဲ့ အချိန်မှာ ယန်ဟောက်ရှန်း ဟယ့်အာဆီက ရရှိခဲ့တဲ့ လက်ဆောင်က တန်ဖိုးမနည်းနိုင်တဲ့ ဘောလုံးတစ်လုံး ။ ပြီးတော့ ကျောင်းနားက အရုပ်ဆိုင်တွေမှာ တွေ့လေ့ရှိတဲ့ stress ball တစ်ခု ။ အဲ့တာက လိမ္မော်သီးပုံစံလေးနဲ့ ။

叫我你的傻瓜 || XiangLin Where stories live. Discover now