ငါ့ကို မင်းရဲ့အရူးလေးလို့ ခေါ်ပါ (၅)

46 7 0
                                    

ယန်ဟောက်ရှန်း ၊ စုန့်ယာ့ရွှမ်းနဲ့ လျိုယောက်ဝမ်က ဟယ့်ကျွင့်လင် ပေကျင်းမှာရှိနေဦးမဲ့ နှစ်လကျော်မှာ အတူတူလုပ်ချင်တာတွေကို listလုပ်ထားကြသလိုမျိုး ဟယ့်အာကို အိမ်ထဲမှာ ပေးမနေဘဲ နေ့တိုင်းအပြင်ကို ခေါ်ထုတ်ကြတယ် ။

ယန်ဟောက်ရှန်းရဲ့ စက်ဘီးနောက်ခုံကလေးဟာ အခုတော့ သူ့ပိုင်ရှင်နဲ့သူ ပြန်ဖြစ်လို့ ။
ကျောနောက်က ရင်းနှီးပြီးသားအနွေးဓာတ်ကလေးအကြောင်း တွေးမိတဲ့အခါ ယန်ဟောက်ရှန်းက စက်ဘီးကို နင်းနေရင်း ပြုံးမိသွားရရဲ့ ။

ပေကျင်းရဲ့ ညတွေကို မလှတော့ဘူးထင်ခဲ့တဲ့ ဆယ်လတာက ကုန်ဆုံးသွားပြီး ဟယ့်အာနဲ့အတူတူရှိတဲ့အခါ ပေကျင်းရဲ့ ညတွေဟာ အရင်လိုပဲ အလှဆုံး ပြန်ဖြစ်လာတယ် ။

စားနေကျ ဟော့ပေါ့ဆိုင်ရှေ့ စက်ဘီးကို ထိုးရပ်တော့ ဟယ့်အာက မပြောင်းလဲသွားသေးတဲ့ နေရာတစ်ခုလုံးကို ပြုံးပြီး ကြည့်နေတာ ။

" ရှောင်ဟယ့်အာ မင်းအဲ့လို ကြည့်နေတဲ့ပုံက မသိရင် နိုင်ငံခြားမှာ ဆယ်နှစ်နေပြီး ပြန်လာတာနဲ့တူတယ် ။
မကြည့်ဘဲ မြန်မြန်သွားစားရအောင် ဗိုက်ဆာနေပြီ "

လျိုယောက်ဝမ်က စကားနည်းသလောက် တစ်ချက်တစ်ချက် ပြောလိုက်ရင် တစ်ခွန်းထဲနဲ့ ပွဲကျသွားစေတတ်တာ အမြဲ ။ အခုလည်း ဟယ့်အာနဲ့ မျက်စောင်းပြိုင်ထိုးနေကြပြန်တာမို့ ယာ့ရွှမ်းနဲ့ ဟောက်ရှန်းက ဆိုင်ထဲအရင်ဝင်ပြနှင့်မှ နောက်ကနေ လိုက်လာတယ် ။

အဲ့ဒီညမှာ သူတို့အတူတူပြန်တဲ့လမ်းဟာလည်း မပြောင်းလဲသေးတာကို ဟယ့်အာက သိသွားလောက်ပါရဲ့ ။
လမင်းကြီးက သူတို့အပြန်လမ်းတိုင်းမှာ အဖော်ပြုပေးသလို ရေခဲမုန့်ဆိုင်လေးကလည်း အရသာ မပြောင်းသွားခဲ့ဘူး ။
ဟယ့်အာမသိလောက်မဲ့ ယန်ဟောက်ရှန်းရဲ့ နှလုံးသားကလည်းပဲ အရင်အတိုင်းရှိတုန်း ။

ဟယ့်အာ ပေကျင်းကို ပြန်ရောက်တဲ့ ဒုတိယအပတ်မှာတော့ ကျောင်းပိတ်ရက်ပြန်လာကြတဲ့ သူငယ်ချင်းတွေအကုန် စုကြပြီး ဘောလုံးပွဲတစ်ခု ပြန်လုပ်ဖြစ်ကြတယ် ။
သရေဖြစ်အောင် ကန်နေကြပေမဲ့ တစ်ဖက်က တစ်ဂိုးလေးပဲ သာသွားတဲ့အချိန် စုန့်ယာ့ရွှမ်းနဲ့ ဟယ့်ကျွင့်လင်က လုပ်မြဲအတိုင်း လှဲချကြပြန်လို့ အကုန်လုံး ဝိုင်းရယ်ကြလည်း သူတို့ကတော့ ဒရာမာခင်းကြရတာကို ပျော်နေကြတာ ။

叫我你的傻瓜 || XiangLin Where stories live. Discover now