ငါ့ကို မင်းရဲ့အရူးလေးလို့ ခေါ်ပါ (ဇာတ်သိမ်း)

63 6 1
                                    

ဟောက်ရှန်းက တကယ်ကို ကျောက်တုံးထက် တုံးတဲ့ ငတုံးလေး ဖြစ်နိုင်တယ် ။
ဟောက်ရှန်းက အရူးကလေးလည်း ဖြစ်နိုင်တယ် ။
အဲ့ဒီပန်းချီကားရဲ့နောက်မှာ အဲ့ဒီလို မို့နေတဲ့နေရာလေးရှိတာကို တစ်နှစ်လုံး မမြင်ခဲ့ရအောင် အဲ့ဒီနေရာမှာ တန်းချိတ်လိုက်ခဲ့တဲ့ သူ့ကိုယ်သူလည်း အပြစ်တင်တယ် ။
ဟယ့်အာရဲ့ နာမည်တပ်မရတဲ့အပြုံးက ဝမ်းနည်းသွားတာဆိုတာကိုလည်း သူအခုမှပဲ သိရလို့ ပိုဝမ်းနည်းရတော့တာပဲ ။

[ ပျော်စရာ ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့ပါ ယန်ဟောက်ရှန်း ။
ရှေ့သုံးလေးလမှာ ဖြစ်ခဲ့တဲ့အကြောင်းအရာတွေကို စကားတွေအနေနဲ့ ထုတ်မမေးချင်ပေမဲ့ မင်းဆီက ဖြေရှင်းချက်တွေ လိုချင်နေတုန်းပဲ ။
အဲ့တာက သူငယ်ချင်းတွေစနောက်တာပဲမို့ ဒီအတိုင်း ထားလိုက်ချင်ပေမဲ့ ဒီအတိုင်းထားဖို့ကျလည်း ငါ့အတွက် မလွယ်ဘူးဖြစ်နေတယ် ။
ငါသိတဲ့ မင်းသာဆို အရူးလေးမို့ ဒီစာကို လွယ်လွယ်နဲ့မြင်မှာ မဟုတ်လောက်ဘူး ။
ငါမျှော်လင့်တယ် .. မင်းဒီစာကို မြင်တဲ့အချိန်မှာ ငါမင်းအနားမှာ ရှိနေသေးပါစေလို့ ၊ ဒီခံစားချက်တွေ တည်ငြိမ်နေသေးပါစေလို့ ၊ ပြီးတော့ မင်းရဲ့ဖြေရှင်းချက်ကို ငါကြားတဲ့အခါ ငါ့အဖြေက မပြောင်းလဲသွားပါစေနဲ့ဦးလို့ ။
ပြီးတော့ ငါမျှော်လင့်တယ် .. မင်းရဲ့ ဆယ့်ရှစ်နှစ်တစ်နှစ်လုံး ကျန်းမာပြီး ပျော်ရွှင်နေရပါစေလို့ ]

အဲ့ဒီစာကို သုံးလေးငါးခေါက် အရူးလို ပြန်ဖတ်ရင်း ယန်ဟောက်ရှန်းက မျက်ရည်တွေ ကျလာတော့တာပဲ ။
သူထင်တာမမှားရင် ဟယ့်အာက .. ဟယ့်အာက သူ့ကို စောင့်နေခဲ့တာ ဖြစ်လိမ့်မယ် .. သူ့ကို ၊ သူသတ္တိရှိလာမဲ့အချိန်တွေကို .. ။

ဆင်ခြေတွေ အများကြီးနဲ့ ဖြုန်းတီးပစ်ခဲ့တဲ့ တစ်နှစ်ကျော်ကျော်ဟာ ခေါင်းထဲ ရောက်လာတယ် ။
အတွေးတွေ ရောပြွန်းနေတဲ့ ဦးနှောက်တစ်ခုလုံးက ပေါက်ကွဲထွက်မတတ် ။

" ကျဲကျဲ .. ကျဲကျဲ"

ညဆယ်နာရီခွဲကြီး အခန်းထဲကနေ ပြေးထွက်ပြီး ရှေ့ခန်းက ကျဲကျဲအခန်းတံခါးကို အတင်းခေါက်မိနေတဲ့ သူ့ကိုယ်သူ တကယ်ပဲ အရူးလေးလို ခံစားရလာပေမဲ့ သူမတတ်နိုင်တော့ဘူး ။ တစ်ယောက်ယောက်ကို သူနဲ့အတူဝိုင်းပြီး အဖြေရှာခိုင်းမှ ဖြစ်တော့မှာ ။

叫我你的傻瓜 || XiangLin Where stories live. Discover now