ငါ့ကို မင်းရဲ့အရူးလေးလို့ ခေါ်ပါ (၄)

118 12 0
                                        

ဟယ့်အာ ဟန်ကျိုးကို စစချင်း ထွက်သွားတဲ့အပတ်ကဆို သူတို့သုံးယောက်လုံးမပျော်ဘူး ။ ယာ့ရွှမ်းက သိသိသာသာ ဝမ်းနည်းတဲ့သူဖြစ်ပေမဲ့ ဟောက်ရှန်းကကျ ငြိမ်ကုပ်နေပြီး ဘာမှကို မလုပ်နိုင်တာ ။ ယောက်ဝမ်ကတော့ သူတို့နှစ်ယောက်ကို ဓာတ်ပုံရိုက်ပြီး ဟယ့်အာဆီ ပို့ရင်း စကားတပြောပြောနဲ့ ။

ညတိုင်း ဟယ့်အာဆီက video callခေါ်မဲ့အချိန်ကို သုံးယောက်လုံးက ယာ့ရွှမ်းအိမ်မှာ စုပြီး စောင့်ဖြစ်ကြတယ် ။
ဟယ့်အာက သူတို့ကို video callနဲ့ ဟန်ကျိုးအကြောင်း ပြောပြတာကို နားထောင်ပြီး ၊ တချို့ရက်တွေမှာဆို ဟယ့်အာက သူတို့နဲ့ ဖုန်းခေါ်ရင်း လမ်းလျှောက်ထွက်ပြီး ဟန်ကျိုးရဲ့ညကို ပြတာကိုလည်း ကြည့်ကြရင်းနဲ့ အလွမ်းတွေသယ်ကြရတာ ။

ဒါပေမဲ့ အဲ့တာက နှစ်ပတ်လောက်ပဲ ကြာလိုက်ပြီးတော့ သူတို့သုံးယောက်လည်း ကိုယ်စီ ကျောင်းတွေတက်ရတဲ့အခါကျ ဟယ့်အာနဲ့ ကတိပေးခဲ့သလို တစ်ပတ်ကို သုံးရက် လေးရက်ထက်ပိုပြီး ဖုန်းမပြောနိုင်တော့ဘူး ။ အဲ့တာတောင် လေးရက်မှာ နှစ်ရက်က စနေနဲ့ တနင်္ဂနွေလို ပိတ်ရက်တွေ ။

ယောက်ဝမ်နဲ့ ယာ့ရွှမ်းက တစ်ကျောင်းတည်းတူတူမို့ ကျောင်းတူတူပြန်လာတာကို မြင်ရတိုင်း ဟောက်ရှန်းက ဟယ့်အာကို ပိုလွမ်းလာရော ။ ယန်ဟောက်ရှန်းက ဟယ့်အာကိုတော့ အထီးကျန်တယ်လို့ မခံစားစေချင်ဘူး ။ အဲ့တာကြောင့် ကျောင်းသွားနေရင်းနဲ့လည်းပဲ ဟယ့်အာ အားရင် ဖုန်းခေါ်လေ့ရှိပြီးတော့ ခဏလေးဖြစ်ဖြစ် အဖော်ပြုပေးတာပါပဲ ။

ကျောင်းတက်တဲ့ ဒုတိယအပတ်မှာ ဟယ့်အာက သူငယ်ချင်းအသစ်တွေ ရလာတယ် ။
ယန်ဟောက်ရှန်း ဘယ်လို ခံစားလိုက်ရမှန်းတောင် မပြောတတ်တော့သလိုပဲ ။ သူငယ်ချင်းများများထားဖို့ မှာခဲ့တာက သူဖြစ်ပေမဲ့ သူတို့သုံးယောက်ကို ဟယ့်အာက ခဏဖြစ်ဖြစ် မေ့သွားမှာတောင် သူက ကြောက်လို့နေတာ ။

" အကုန်လုံးက မင်းတို့နဲ့ မတူဘူး ။
ကလေးတုန်းက သူငယ်ချင်းတွေလိုတော့ ဘယ်လိုပေါင်းနိုင်ပါ့မလဲ ။ အခုက လူကြီးတွေလို ပေါင်းရတော့မှာကို "

叫我你的傻瓜 || XiangLinWhere stories live. Discover now