အဘိုးကု က သူ့ကို အပေါ်ဆုံးထပ်ကိုနေရာချထားပေးပြီး ထိုအထပ်မှာပဲ ကုချန်ကျင်း အကိုရဲ့ သား ကုချန်းချီ က သူနဲ့အခန်းကပ်ရပ်ပဲဖြစ်သည်။ ကုအိမ်တော်က တော်တော်ကျယ်ဝန်းကာ မြို့စွန်ကျတာကြောင့်အိမ်တွေရဲ့ဘေးပတ်ပတ်လည်မှာ သစ်တောလေးတွေရှိလေသည် ။ သူကတော့ ရေချိုးပြီး အပေါ်ကနေမြင်ရနဲ့ သစ်တောရဲ့ ရှုခင်းကိုကြည့်ပြီး အဘိုးကုရဲ့သဘောထားကိုအရင်သ်ချင်မိသည်။ တကယ်လို့ ကုမ်သားစုက သူ့ကိုနှိမ့်ချဆက်ဆံပါက သူက ဒီအထက်တန်းပြီးရင် ကုမိသားစုကနေထွက်ပြီး ကိုယ့်လမ်းကိုယ် သွားရန်စိတ်ကူးထားလေသည်။ သူ့ရဲ့ မိတ်အတွက်ကတော့ ရှီယန်က သူ့အိုမီဂါအတွက် အများကြီးကြိုးစားရမည်မှန်းသ်သည်။
"ဒေါက် ....သခင်လေး အဘိုးက ညစာစားမလို့ခေါ်နေပါတယ်ဗျ"
ရှီယန် မှန်ရှေ့မှာ သူ့ရဲ့ချောမောရဲ့ရုပ်ရည်ကိုဆစ်ချက်ကြည့်ကာ အခန်းတံခါးကိုဖွင့်ပြီးအစေခံနောက်က လိုက်ဆင်းသွားလေသည်။
ရှီယန် ကိုတွေ့ရတဲ့ အစေခံအများစုက ရှီယန် ရဲ့ရုပ်ရည်ကြောင့် အံ့အားသင့်ရစမြဲပဲ။ ထိုအစေခံတွေရဲ့ စိတ်ထဲမှာတော့ အယ်ဖာတစ်ယောက်င ဒီလောက်တောင် ချောမောရသလားလို့ တွေးလိုက်ကြသည်။ ထမင်းစားဝိုင်းမှာတော့ ကုအိမ်သားတွေစုံလင်စွာရောက်လာပြီး ရှီယန်ကတော့ နောက်ဆုံးမှရောက်လာသည်။" အိုး မင်းလာပြီလား ။လာ လာ "
အဘိုးကုက အသက်အရွယ်ကြီးနေပေမယ့် အရွယ်တင်တုန်းပင်။ အကြီးဆုံးအကို မိသားစုရဲ့ ဘေးမှာ သူ့ကိုနေရာချပေးထားကာ ဟင်းပွဲတွေကလည်း အရမ်းကိုများလွန်းလေသည်။
" ရှောင်ယန် ဘာကြိုက်တတ်မှန်းမသိလို့ အဘိုးအများကြီးပြင်ဆင်ထားမိတယ် ။"
ကုအဘိုးကြီးကတော့ သူ့ရှေ့က အယ်ဖာရဲ့ ရုပ်ချောမောမှုကိုကြည့်ပြီးအရမ်းကျေနပ်နေမိတယ်။ ပြီးတော့ ယဉ်ကျေးတယ်။ ဒီကလေးက ကောင်းတဲ့မိသားစုရဲ့ ငယ်ရွယ်စဉ်ကတည်းကပျိုးထောင်တာခံရရင် တော်တော်လေးတော်တဲ့ကလေးဖြစ်လိမ့်မယ်။နှမြောစရာက အဲလိုမဖြစ်ခဲ့ဘူး။
အဘိုးကုက သူ့သားအကြီးဆုံးကမွေးတဲ့ကလေးတွေက ကုချန်ကျင်း သားတွေလောက်တော်စေချင်ပေမယ့် အယ်ဖာသားနဲ့အိုမီဂါ သားတွေက အသုံးမကျကြပေ။ အဘိုးကုက သူ့သားကြီးကုချန်ရဲ့မိသားစုကိုဝေ့ကြည့်ပြီး သက်ပြင်းသာချလိုက်လေသည်။
YOU ARE READING
အင်အားကြီးAlpha ကြီးက တတိယလူဖြစ်နေတယ်
Romanceအင်အားကြီး Alpha က သူ့ရဲ့ အိုမီဂါ လေးကို မထင်မှတ်ပဲချစ်မိသွားတယ်။ဒါပေမယ့် ထိုအိုမီဂါလေးမှာ သူ့ရဲ့ငယ်ချစ်ဦး လေးနဲ့ တိတ်တိတ်လေးတွဲနေလေရဲ့။