ကုယန် ည၉နာရီေလာက်မှာနင်နင်နဲ့ ဖုန်းပြောပြီး ဖုန်းချလိုက်တော့ လီယဲ့ ရဲ့ ဖုန်းက ဝင်လာလေသည်။
"ဘာလဲ "
တခြားဘက်က လီယဲ့က တုချီ ရဲ့ရင်ခွင်ထဲမှီရင်း
" နင်နင် ရဲ့ အကြောင်းတွေဖိုရမ်ပေါ်မှာပျံ့နေပြီ ကြည့်လိုက်အုံးတင်ထားတာမကြာသေးတော့ နင်နင်မြင်ရင် စိတ်မကောင်းဖြစ်သွားအုံးမယ်"
ကုယန်က ဖိုရမ် လို့ကြားလိုက်တာနဲ့ စိတ်ရှုပ်လာတော့တယ်။သူအမုန်းဆုံးက အဲလိုဖိုရမ်တွေပဲ ။ကျောင်းသတင်းတင်မယ့်အစား အတင်းအဖျင်းတွေပဲတင်နေတယ်။
"အိုကေ သိပြီ ငါကိုင်တွယ်လိုက်မယ် "
ကုယန် လီယဲ့ရဲ့ဖုန်းကိုချလိုက်ပြီး အင်တာနက်ဖွင့်ကာ ကျောင်းဖိုရမ်ထဲ ဝင်လိုက်သည်။ နင်နင် နဲ့ စုန့်ကျီချန် ပုံကိုတွဲတင်ထားကာ သူနဲ့ နင်နင်က အမှတ်အသားကြောင့် စုန့်ကျီချန် ကိုထားခဲ့ကြောင်း အမှတ်အသားပေးပြီးတာတောင်စုန့်ကျီချန် နဲ့ဆက်တွေ့နေကြောင်း စသဖြင့်အတင်းအဖျင်းတွေပွထနေတော့သည်။။တစ်ချို့ မှတ်ချက်တွေက အရမ်းကိုလွန်လေသည်။ ကုယန် မျက်မှောက်ကြုတ်လိုက်ကာ သူ့ကွန်ပျူတာ ထုတ်ပြီး ထိုပိုစ့် ကိုစတင်တဲ့ အကောင့်ကိုရှာလိုက်လေသည်။ ခဏနေတော့ ဒီပိုစ့်ကိုစတင်တဲ့လူက အတန်း၂က စုန့်ဟန်ရှင်း ဆ်ုတာသိလိုက်ရသည်။ ကုယန်က အချိန်ခဏလေးအတွင်းမှာ ထိုဖိုရမ်ကို ထိန်းချုပ်လိုက်ကာ ထိုစိတ်ရှုပ်စရာအတင်းအဖျင်း ဖိုရမ် ကြီးရဲ့ အကောင့်ကိုဖျက်ချလိုက်တော့သည်။ ကုယန်က ထိုမျှနဲ့ စိတ်မကျေနပ်သေး။ ကုယန် ထိုညက မနက်လေးနာရီမှ အိပ်ယာဝင်ကာ မနက်၆နယရီခွဲမှာ ပုံမှန်အတိုင်း နင်နင်ကို ဝင်ခေါ်ပြီး ကျောင်းကိုလာလေသည်။
" ဘာဖြစ်နေတာလဲ "
ရှချောင်းနင်အခန်းထဲ ဝင်တော့ ကျောင်းသားအများစုက မနေ့ညက ဖိုရမ်ပေါ်ကအကြောင်းကိုပြောနေကြသည်။ နင်နင် လည်း ဖုန်းဖွင့်ပြီးဖိုရမ်ထဲဝင်တော့ ဖိုရမ်ကြီးက ဖွင့်လို့ပင်မရတော့။ ကျောင်းသားတွေက ရှချောင်းနင် ကို ခ်ုးကြည့်ရင်း ရှချောင်းနင် ရဲ့ ဂုတ်ကအမှတ်အသားကိုမသိမသာခိုးကြည့်ကြလေသည်။ရှချောင်းနင် ထူဆန်းသလို ခံစားနေရကာ သူ့ဂူတ်သူ လက်နဲ့ပွတ်သပ်လိုက်တယ်။ ဒီအတန်းဖော်တွေဘာဖြစ်နေတာလဲ ။
ပြီးတော့အတန်းဖော်တွေမျက်လုံးတွေကို ကြည့်လိုက်တော့ ရှချောင်းနင် က နှာခေါင်းရှုံ့ကာ
YOU ARE READING
အင်အားကြီးAlpha ကြီးက တတိယလူဖြစ်နေတယ်
Storie d'amoreအင်အားကြီး Alpha က သူ့ရဲ့ အိုမီဂါ လေးကို မထင်မှတ်ပဲချစ်မိသွားတယ်။ဒါပေမယ့် ထိုအိုမီဂါလေးမှာ သူ့ရဲ့ငယ်ချစ်ဦး လေးနဲ့ တိတ်တိတ်လေးတွဲနေလေရဲ့။