ကုယန် တို့ ညဘက် dinner စားပြီးတော့ အိမ်ကို ပြန်ဖို့စီစဉ်ထားပေမယ့် အဘိုးကုက အိမ်တော်မှာပဲ နေဖို့ပြောထားတာကြောင့် ကုယန် နဲ့ရှချောင်းနင် တို့ အိမ်တော်ထဲမှာပဲ အိပ်ဖို့ ဖြစ်လာခဲ့သည်။ နောက်ပြီး ညစာစားတုန်းက ဒတတိယအိမ်တော်ရဲ့ အဘိုးကြီးက ကုယန် ကို သူ့မြေးနဲ့ ထပ်ပြီး နေရာချထားဖို့ အဘိုးကု ကိုအရိပ်အယောင်ပြတဲ့ စကားတို့ပြောကြားခဲ့လေသည်။ ဒါပေမယ့် ကုယန် က အကြောင်းပြချက်မရှိ ငြင်းပယ်ခဲ့သည်။ နှစ်ခါတောင်မစဉ်းစားခဲ့။ ကုယန် ရဲ့ စကားကြောင့် ညစာစားတဲ့ ကုမိသားဝင်တွေနဲ့ဆွေမျိုးတွေက ကသိကအောင့်နဲ့ စားလို့ပြီးသွားကြလေသည်။
ကုယန်က နင်နင် ကို သူအရင်က နေခဲ့တဲ့အခန်းကို ခေါ်လာလိုက်သည်။ ဘာကြောင့်မှန်းရယ်မသိ နင်နင် ရဲ့မျက်နှာမကောင်းမှန်းကုယန် သိသည်။ စောစောက တတိယအိမ်တော်ကြောင့်လား ။ ကုယန်က နင်နင် ကို ပွေ့ဖက်လိုက်ပြီး ကုတင်ပေါ် ဝင်ထိုင်လိုက်သည်။ သူက အသံတိုးတိုးလေးနဲ့" ဘာလို့မပျော်မရွှင်ဖြစ်နေတာလဲ ကိုယ့်မှာ မင်းတစ်ယောက်ပဲ ရှိတယ်လို့ကိုယ်ပြောပြီးပြီလေ "
ရှချောင်းနင်က ကုယန် ရဲ့ ရင်ခွင်ထဲ ဝင်လိုက်ကာ
"အဲဒီကုမြောင်မြောင် ကလက်လျော့မဲ့ပုံမရဘူး နော် ကုယန် ငါတို့ တန်းလက်ထပ်လို့မရဘူးလား မင်းကို သူများတွေလုသွားမှာ ကြောက်တယ် "
ဒီလိုစကားကြားတော့ ကုယန် သဘောတကျ ရ်ူမောလိုက်လိုက်သည်။ ရှချောင်းနင်က ရယ်နေတဲ့ နောက်က လူကို သူ့တံတောင်နဲ့ ရင်ဘက်ကို ထိုးလိုက်ကာ
"ရယ်နေရယ်နေ မင်းသာ နောက်တစ်ယောက်ယူရင် ငါက အမှတ်အသားပေးထားတဲ့ ဂလင်းကိုခွဲထုတ်ပစ်ပြီး ဘီတာ လုပ်ပစ်လိုက်မှာ ဟွန့် "
ကုယန်က ရယ်တာကို ရပ်လိုက်ပြီး နင်နင် ရဲ့ခန္ဒာကိုယ်လေးကိုတင်းအောင်ဖက်လိုက်ပြီး နှုပ်ခမ်းကို ငုံ့နမ်းလိုက်လေသည်။ အနမ်းက နက်နက်ရှိုင်းရှိုင်းကို ဝင်ရောက်လာကာ နှစ်ယောက်လုံး အသက်ရှုကြပ်မှ လွှတ်လိုက်ကြသည်။ ကုယန်က နီစွေးစွေး နှုပ်ခမ်းတွေကို ကြည့်လိုက်ပြီး လက်မ နဲ့ဖိပွတ်လိုက်ကာ
YOU ARE READING
အင်အားကြီးAlpha ကြီးက တတိယလူဖြစ်နေတယ်
Romanceအင်အားကြီး Alpha က သူ့ရဲ့ အိုမီဂါ လေးကို မထင်မှတ်ပဲချစ်မိသွားတယ်။ဒါပေမယ့် ထိုအိုမီဂါလေးမှာ သူ့ရဲ့ငယ်ချစ်ဦး လေးနဲ့ တိတ်တိတ်လေးတွဲနေလေရဲ့။