အပိုင်း၁၈

35 4 0
                                    

စားမေးပွဲတွေပြီးပြီး နောက်တစ်နေ့ မနက်မှာတော့  ရှချောင်းနင်က ပူပူနွေးနွေးရှိလှတဲ့ ရင်ဘက်ကြီးထဲမှာနိုးထလာခဲ့တယ်။ သူမျက်လုံးမှေးမှေးလေးဖွင့်ကြည့်တော့ အပြင်ဘက်နေရောင်က အခန်းထဲ တိုက်ရိုက်ကျရောက်နေကာ ညက လိုက်ကာဆွဲမပိတ်ထားတာကြောင့် နေရောင်ခြည်က ရှချောင်းနင်ကို နိုးလာစေခဲ့သည်။အဝတ်ကင်းမဲ့နေတဲ့ သူတို့နှစ်ယောက်ရဲ့ ခန္ဒာကိုယ်က ပူးကပ်နေပြီး  ကုယန်ရဲ့အသက်ရှုသံက ရှချောင်းနင် ကြားနေရသည်။ ညက သူနဲ့ကုယန် အဆုံးထိမသွားပေမယ့် အချိန်အတော်ကြာတဲ့အထိကို အိပ်ယာပေါ်မှာ လူးလိမ့်ခဲ့လေသည်။  ပြီးတော့ ကုယန် ရဲ့ အပြုအစုအောက်မှာ သူကတော့အလူးအလဲ ခံစားခဲ့ရသေးသည်။

"မလှုပ်နဲ့တော့ "

ရှချောင်းနင် သူရဲ့ခါးက  ကုယန် ရဲ့လက်ဖဝါးကြီးနဲ့ တင်းတင်းကြပ်ကြပ်အကိုင်ခံထားရလေတော့သည်။

" ကုယန် နိုးလာပြီလား "

ကုယန်က စကားမပြောပဲ နင်နင် ရဲ့ ခန္ဒာကိုယ်လေးကို သူ့အပေါ်တင်လိုက်တော့ အသာလေးပါလာသည်။ သူက နေရောင်ကြောင့် မျက်လုံမှေးဖွင့်ရင်း

"နိုးလာပြီ မင်းခံစားမိလား "

ရှချောင်းနင် ကုယန်စကားရဲ့စဉ်းစားလိုက်ပြီးမှ သူနိုးလာပြီဆိုတာက သူ့ရဲ့တင်ပါးအောက်က မာမာကြီးကိုပြောမှန်းသိလိုက်သည်။ ရှချောင်းနင် ရှက်သွားကာ ကုယန် ပခုံးကို ကုန်းကိုက်လိုက်ပြီး

"မဆိုးနဲ့ ဒီနေ့ ကစားဖို့ခေါ်မယ်လို့ပြောထားပြီးသားလေ ထတော့ "

ကုယန် နင်နင် ရဲ့ခါးလေးကိုဖက်ထားလိုက်ပြီးရယ်မောလိုက်လေသည်။

"ဟုတ်ပြီ မျက်နှာသစ် ရအောင် "

ကုယန်နဲ့ ရှချောင်းနင်က အိပ်ယာထပြီး မျက်နှာသစ်ကိုယ်လက်သန့်စင်လိုက်သည်။
ရှချောင်းနင်က အပြင်ထွက်ကစားရမှာမလို့ ဟိုနေ့က ကုယန် ဝယ်ပေးထားတဲ့အကျီနဲ့ ဘောင်းဘိက်ု ထုတ်ဝတ်လိုက်သည်။ 

"အရမ်းလှတယ် "

ကုယန် မှန်ရှေ့မှာရပ်နေတဲ့ နင်နင်ရဲ့ခါးကိုနောက်ကနေ ဖက်လိုက်ပြီး နှုပ်ခမ်းလေးကိုငုံ့နမ်းလိုက်သည်။

အင်အားကြီးAlpha ကြီးက တတိယလူဖြစ်နေတယ်Where stories live. Discover now