အပိုင်း၁၅

36 5 0
                                    

ညနေပိုင်း နင်နင်ကို ပြန်ပို့ပြီး ကုယန် အိမ်ပြန်ရောက်တော့ ကုချန်ကျင်းနဲ့ ကုနျဉ် က အိမ်ကိုပြန်ရောက်နေပြီဖြစ်သည်။

" ကုယန် အဖေက စာကြည့်ခန်းထဲ လိုက်ခဲ့တဲ့ "

ကုယန်က ကုနျဉ် ရဲ့ နောက်ကနေ စာကြည့်ခန်းထဲ ကိုလိုက်ဝင်လာခဲ့သည်။ ပုံမှန်ဆို ကုချန်ကျင်းရဲ့ စာကြည့်ခန်းကကုနျဉ်မှလွှဲ၍ အိမ်စေတွေတောင်အခန်း‌ေရှ့ဖြတ်လျှောက်ခွင့်မရှိ။

"လာထိုင်လိုက် "

ကုယန်က ကျယ်ဝန်းတဲ့ အခန်းကိုဝေ့ကြည့်ပြီး ကုချန်ကျင်း နဲ့ မျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်သည်။ကုနျဉ်ကတော့ ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာနဲ့ သူ့ဘေးမှာဝင်ထိုင်လေသည်။
ကုချန်ကျင်းက စာကြည့်မျက်မှန်ကို ချွတ်ပြီး
သူ့ရှေ့က ကောင်လေးကို သေချာအကဲခပ်ကာ

"မင်းကျေးဇူးကြောင့် မင်းရဲ့ အကြီးဆုံးအကိုကို ကယ်တင်လို့ရခဲ့တယ် "

"မင်းသိလား ဒီကိစ္စမှာ ကုမိသားစုက အကျိုးအမြတ်အများကြီးရခဲ့တာ ....။မင်းပို့လာတဲ့ ဒေတာတွေကလည်းကုမိသားစုအတွက်အရမ်းအသုံးဝင်ခဲ့တယ် ...ဒါကို။တစ်ချက်ကြည့်လိုက် "

ကုချန်ကျင်း ပေးတဲ့ ဖိုင်အထူကြီးကို ကုယန် လှမ်းယူလိုက်ကာ တစ်ရွက်ချင်းလှန်ကြည့်သည်။ တစ်ချက်ကြည့်ရုံနဲ့အရေးကြီးတဲ့စာရွက်စာတမ်းတွေမှန်းသိသာလှကာ အစိုးရရဲ့ ခွင့်ပြုမိန့်နဲ့ ရှေ့နေ‌တွေရဲ့ စာချုပ်အချက်အလက်တွေပါ ပါသေးတယ်။

ကုချန်ကျင်းက ကုယန်လက်ထဲက စာချုပ်ကို ကြည့်ပြီး

"ဒါက မီလီယံ အများကြီးတန်တဲ့ စာချုပ်  အဲဒီ့ အပျော်စီးသဘ်ောပေါ်မှာ ဒုတိယမျိုးဆက်သူဌေးသားတွေအပြင် အစိုးရထိပ်သီးပိုင်းကလူတွေလည်းပါနေတာလေ နောက်ပြီး ကုမ္မဏီအတွက်အကျိုးအမြတ်တွေပါ သူတို့အားလုံးစီက ရထားသေးတယ် မင်းလက်ထဲက ဟာက အကြီးဆုံးတစ်ခု "

ကုယန် လက်ထဲက စာချုပ်ကို ‌စားပွဲပေါ်ပြန်ချလိုက်ကာ ဒါက အရမ်းအဖိုးတန်တဲ့စာချုပ်ဖြစ်မယ်မှန်းသိလိုက်ရသည်။

" ဒါဆို ဒါက ဘာလို့ ကျွန်တော့ကိုလာပြောပြနေတာပါလဲ "

ကုယန် က ကုချန်ကျင်းရဲ့ ရည်ရွယ်ချက်ကို မသိတာကြောင့်မေးလိုက်ခြင်းပင်။ သူ့ဘေးက ကုနျဉ်က ဒီကောင်‌ဒီလောက်တုံးရသလားလို့ ဆိုတဲ့အကြည့်နဲ့ ကြည့်‌မေလေသည်။

အင်အားကြီးAlpha ကြီးက တတိယလူဖြစ်နေတယ်Where stories live. Discover now