အပိုင်း၁၄

33 4 0
                                    

အိုဟောင်းပြီး ရေညှိတက်နေတဲ့ နံရံတွေ နဲ့ အိမ်ဟောင်းတစ်လုံးထဲမှာတော့  မုံ့လျှို က အိပ်ယာက ထလာခဲ့သည်။ မုံ့လျှိုက အရင်နှစ်ကတည်းက အလိုအရှိဆုံး ဆိုက်ဘာရာဇဝတ်သားဖြစ်ပြီး သူက အိမ်အိုတွေထဲမှာ ပုန်းအောင်းနေတာပင်။မုံ့လျှိုက မျက်နှာမသစ်ပဲ ကွန်ပျုတာဆီ အရင်သွားလိုက်ကာ သူ့ကွန်ပျုတာကို ဖွင့်လိုက်ပေမယ့် ကွန်ပျုတာက လုံးဝ ပွင့်မလာတာကြောင့် လန့်ဖြန့်သွား‌ေလသည်။

"  Fuck  "

မုံ့လျှို  ကွန်ပျုတာကို ဘယ်လိုပဲလုပ်လုပ် လုံးဝကို ပွင့်မလာတော့ပေ။

" ငါ သုံးလေးနာရီပဲအိပ်လိုက်တာပါ  "

စိတ်ပျက်လက်ပျက်နဲ့ မျက်နှာဆေးကြောဖို့ ရေချိုးခန်းထဲအမြန်ဝင်သွားလိုက်သည်။
မျက်နှာသစ်ပြီးတော့ ရေချိုးခန်းထဲက ထွက်လာတဲ့အချိန်မှာ အခန်းထဲမှာ မမျော်လင့်ထားတဲ့ ဧည့်သည်တွေ ရောက်လို့နေသည်။

" သေစမ်း !"

" မတွေ့တာကြာပြီနော် မုံ့လျှို "

ခေါင်းဆောင် ဖြစ်သူက လက်ဟန်ပြတော့ နောက်လိုက်တွေက မုံ့လျှို ကို လက်ထိပ်ခတ်လိုက်ကြသည်။

" ခေါင်းဆောင် ကော ခင်များ အနံ့ခံတာတကယ်ကောင်းတာပဲ "

ကောလွီ က မုံ့လျှိုကို ကြည့်လိုက်ပြီး ကွန်ပျူတာတွေထားတဲ့ နေရာကို လျှောက်သွားကာ ပစ္စည်းတွေကို ထိလိုက်တယ်

" မင်းတော့အရမ်းကံ‌ဆိုးနေတာပဲ ဘယ်လိုသတ္တိ‌နဲ့ ကုမိသားစုကိုထိရဲရတာလဲ ကုရှောင်း က လွယ်တဲ့လူလို့ထင်နေတာလား ။ မင်းအလုပ်ရှင်တော့ မနေ့ညက သံတိုင်တွေထဲ ရောက်သွားပြီလေ ။"

မုံ့လျှို   ခဏငိုင်သွားပြီးတဲ့နောက်မှာတော့ သက်ပြင်းခပ်တိုးတိုးချလိုက်ကာ

" ဒါဆို ကုမိသားစုကိုကူညီတဲ့ ဟက်ကာနာမည်ျတာ့ပြောပြပေးပါလား "

ကောလွီက မုံ့လျှိုကို  ကြည့်ရင်း

"မသိဘူး အဲတစ်ယောက်ကို ကုမိသားစုက မဖော်ပြထားဘူး "

မုံ့လျှိုက ခွေးကြီးတစ်ကောင်လိုမှိုင်ကျသွားတာကြောင့် ကောလွီက သူ့လူတွေ‌ကို ခေါ်သွားဖို့အချက်ပြလိုက်သည်။

အင်အားကြီးAlpha ကြီးက တတိယလူဖြစ်နေတယ်Where stories live. Discover now