" ကိုကြီး မေမေကမနက်စာရပြီ တဲ့ "
တံခါးခေါက်သံနောက်မှကပ်ပါလာသော ညီဖြစ်သူရဲ့အသံကြောင့် Pond အောက်ထပ်ကထမင်းစားပွဲဝိုင်းသို့ဆင်းလာလိုက်သည်။
" ဒီည မေမေတို့ချင်းမိုင်ကိုသွားရမယ် "
" သားမလိုက်တော့လို့ဖြစ်မလား စာမေးပွဲနီးနေတော့ကျောင်းမပျက်ချင်တော့လို့ "
" ရပါတယ်သားရဲ့ မေမေတို့ကအလွန်ဆုံးကြာမှ ၂ ပတ်လောက်ပဲ စာကိုပဲအာရုံစိုက် "
" ဟုတ် "
သူတို့မိသားစုမှာ အဘွားရယ်၊အမေရယ်၊သူရယ် နောက်ပြီး ၁၁ နှစ်အရွယ်ညီလေးတစ်ယောက်ရယ်ရှိသည်။အဘွားက နယ်ဘက်မှာပဲနေချင်သူဖြစ်တာကြောင့်သူတို့နဲ့တော့အတူမနေ။အဲ့အစား သူတို့သုံးယောက်ကတော့အချိန်ရတာနဲ့ ၁ လမှာ ၂ကြိမ်လောက်ချင်းမိုင်ကိုသွားလည်ဖြစ်တယ်။
စားပြီးသောက်ပြီး၍ လမ်းထိပ်ထွက်ကာမုန့်ဝယ်မလို့အိမ်တံခါးဖွင့်တော့ မေမေကသူ့လက်ကိုဆွဲကာလက်ထဲထီးထိုးပေးလာတယ်။
" မိုးရွာလောက်မယ်ထင်တယ် ယူသွား "
မေမေကကောင်းကင်ကြီးကိုတစ်ချက်ကြည့်ရင်း မှန်းဆကာပြောတော့ သူလဲယောင်ယမ်းပြီးလိုက်ကြည့်မိ၏။ထိုမှတဆင့်လမ်းထိပ်ဘက်သို့အကြည့်ရောက်ချိန်အိမ်ပြောင်းကားတစ်စီးက သူတို့အိမ်ရှေ့မှာရပ်ချလာသည်။
လူသစ်တွေပြောင်းလာတယ်ထင်မိတာကြောင့် သူရောမေမေရော ထိုကားပေါ်မှလူတွေဆင်းလာတာကိုငေးကြည့်နေမိကျသည်။အသက် ၃၀ ကျော်အရွယ်အမျိုးသမီးတစ်ယောက်က အရှေ့ခန်းမှဆင်းလာပြီးကားပေါ်မှ ပစ္စည်းတွေကိုခက်ခက်ခဲခဲဆွဲထုတ်နေတာမြင်တော့ သူလဲရပ်ကြည့်မနေနိုင်တာနဲ့သွားကူညီပေးဖို့အတွက်ဆုံးဖြတ်လိုက်သည်။
" အန်တီခင်ဗျ ကျွန်တော်ကူပေးပါ့မယ် "
" အို အဲ့လိုဆိုအန်တီကကျေးဇူးတင်တာပေါ့ ဒါတွေကအရမ်းလေးတော့အန်တီတစ်ယောက်ထဲမသယ်နိုင်ဖြစ်နေတာ ဒါနဲ့သားက .. "

YOU ARE READING
My Lovely Pianist
Fanficမင်း အိပ်မက်ကိုဖျက်စီးလာမဲ့အရာမှန်သမျှ အကုန်ဖယ်ရှားပစ်နိုင်တယ်။ အဲ့ဒီ့အရာတွေထဲမှာ ကိုယ်ပါနေရင်တောင်မှပေါ့ ...